
လီဗာပူးဟာ စပါးနဲ့ပွဲမှာ မိနစ် ၉၀ ကျော်မှ ချေပဂိုးပေးလိုက်ရလို့ တဖက် ၁ ဂိုးစီ သရေကျပြီး အမှတ်ပေးဇယား အဆင့် ၄ တက်မဲ့ အခွင့်အရေး လက်လွှတ်ခဲ့ရပါတယ်။
လီဗာပူးဟာ ဒီရာသီမှာ မိနစ် ၉၀ နောက်ပိုင်း ပေးဂိုး ၈ ဂိုးအထိ ရှိလာခဲ့ပြီး ဒါဟာ ကလပ်သမိုင်းမှာ အဆိုးဆုံးစံချိန်ပါ။
ပထမပိုင်းမှာ ဦးဆောင်ဂိုးသွင်းခဲ့တဲ့ ဆိုဘိုစလိုင်းက “ကျနော်တို့အားလုံး နိုးထဖို့လိုပြီ။ အခုလိုသာ ဆက်သွားရင် ကွန်ဖရန့်လိဂ်နဲ့ပဲ ကျေနပ်ရပါလိမ့်မယ်” လို့ အသင်းဖော်တွေကို သတိပေးခဲ့ပါတယ်။
နည်းပြ အာနယ်ဆလော့ကလည်း နောက်ကျဂိုးတွေ ခဏခဏပေးနေရတာကို စိတ်ပျက်နေပြီး လာမဲ့ ကြာသပတေးနေ့ ဂါလာတာစာရေးနဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒီထက်ပိုကောင်းဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။


