
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မှာ ဒိန်းမတ်ကလပ် မစ်ဂျေးလန်းကို ၁ ဂိုး ဂိုးမရှိနဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပါတယ်။
ဒီပွဲမှာ နည်းပြ ဗစ်တာပါရဲယ်ရားဟာ အဓိက ကစားသမား အစုံအလင်ကို သုံးခဲ့ပေမဲ့ ဂိုးမသွင်းနိုင်ခဲ့ဘဲ ပွဲပြီးခါနီး ၈၀ မိနစ်မှာ ပေးလိုက်ရတဲ့ဂိုးကြောင့် အဝေးကွင်း ဒုတိယအကျော့မှာ ခက်ခက်ခဲခဲ ကစားရတော့မှာပါ။
ဒီပွဲမှာ ဖောရက်စ်က အဓိကကစားသမားတွေ ပင်ပန်းခဲ့သလို နောက်ခံလူ ဂျေယာကူညာလည်း ဒဏ်ရာရသွားခဲ့ပါတယ်။
လာမဲ့ တနင်္ဂနွေနေ့မှာ တန်းဆင်းဇုန်က လွတ်မြောက်ဖို့အတွက် ဖူလ်ဟမ်နဲ့ အရေးကြီးတဲ့ပွဲ ကစားရမှာဖြစ်သလို အဲဒီနောက်မှာလည်း စပါးနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
အသင်းပိုင်ရှင်က ယူရိုပါလိဂ်ဖလားကို အလိုရှိနေပေမဲ့ လက်ရှိရလဒ်ဆိုးတွေကြောင့် ဖောရက်စ်ရဲ့ ဥရောပအိပ်မက်ရော၊ ပရီးမီးယားလိဂ်မှာ ရပ်တည်နိုင်ရေးပါ စိုးရိမ်စရာအခြေအနေ ဖြစ်လာပါတယ်။


