Home
အားကစား
တရုတ်က ထိုင်ဝမ်ကို အနိုင်ယူပြီး အာရှအမျိုးသမီးဖလား ဆီမီးဖိုင်နယ်တက်
DVB
·
March 15, 2026
Photo: Reuters

ဩစတြေးလျနိုင်င်၊ ပါ့သ်မြို့မှာ မတ် ၁၄ ရက်က ကျင်းပတဲ့ အာရှအမျိုးသမီးဖလား ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ တရုတ်အမျိုးသမီးအသင်းဟာ ထိုင်ဝမ်ကို အချိန်ပိုမှာရတဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ယူပြီး ဆီးမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

ဒီနိုင်ပွဲကြောင့် တရုတ်အမျိုးသမီးအသင်းဟာ ၁၀ ကြိမ်မြောက် အာရှချန်ပီယံမျှော်လင့်ချက်ကို ဆက်လက် ရှင်သန်စေခဲ့ပေမဲ့ ဆီးမီးဖိုင်နယ်မှာ အိမ်ရှင် ဩစတြေးလျ အမျိုးသမီးအသင်းနဲ့ တွေ့ဆုံ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။

ထိုင်ဝမ်နဲ့ ပွဲမှာ လက်ရှိချန်ပီယံ တရုတ်အမျိုးသမီးအသင်းဟာ ၃၉ မိနစ်မှာ ရရှိခဲ့တဲ့ဂိုးနဲ့ ဦးဆောင်နိုင်ပြီလို့ ထင်ခဲ့ရပေမဲ့  VAR ဆုံးဖြတ်ချက်ကြောင့် ဂိုးပယ်ဖျက်ခဲ့ရပါတယ်။

မိနစ် ၉၀ အတွင်း နှစ်ဖက်လုံး ဂိုးမရှိသရေရလဒ်နဲ့သာ ပြီးဆုံးခဲ့ပြီးနောက် အချိန်ပို ဆက်လက် ကစားရာမှာ ရှောင်ဇီခင်က တရုတ်အသင်းအတွက် ပထမ အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။

၁၀ မိနစ်အကြာတွင် တရုတ်အသင်းဟာ ဒုတိယဂိုးရဖို့ အခွင့်အရေးကောင်း ရရှိခဲ့ပေမဲ့ ပင်နယ်တီကို ထိုင်ဝမ် ဂိုးသမားက ကာကွယ်နိုင်ခဲ့ပါတယ်။

တရုတ်အသင်းအတွက် ဒုတိယဂိုးကို တိုင်ဝမ်ကစားသမားချင်ရင်းဟွေရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ ဂိုးကြောင့် တရုတ်အသင်းက (၂-၀) ဂိုးနဲ့ အနိုင် ရရှိခဲ့တာပါ။ 

ဒီနိုင်ပွဲကြောင့် တရုတ်အသင်းဟာ လာမဲ့နှစ် ဘရာဇီးနိုင်ငံမှာ ကျင်းပမဲ့ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ခွင့် ရရှိသွားပါတယ်။

ထိုင်ဝမ်အသင်းကတော့ Gold Coast မှာ ကစားမဲ့ playoffs ပွဲစဉ်မှာ တခြားကွာတားဖိုင်နယ်က ရှုံးနိမ့်တဲ့ အသင်းတွေနဲ့ နောက်နှစ် ဘရာဇီးမှာ ကျင်းပမဲ့ အမျိုးသမီး ကမ္ဘာ့ဖလားဝင်ခွင့်အတွက် ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013