Home
နိုင်ငံတကာ
အရှေ့အလယ်ပိုင်းတိုက်ပွဲ ရပ်တန့်ရန် ကုလ လုံခြုံရေးကောင်စီ၌ ရုရှား အဆိုပြုချက် ရှုံးနိမ့်
DVB
·
March 12, 2026
Photo: Reuters

အရှေ့အလယ်ပိုင်းဒေသမှာ တိုက်ပွဲတွေ ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုထားတဲ့ ရုရှားအဆိုပြုချက်ကို မတ် ၁၁ ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ လိုအပ်တဲ့ထောက်ခံမဲ မရရှိခဲ့တာကြောင့် အတည်မပြုနိုင်ဘဲ ဖြစ်ခဲ့ပါတယ်။

ဒီမဲခွဲမှုမှာ ထောက်ခံမဲ ၄ မဲ၊ ကန့်ကွက်မဲ ၂ မဲနဲ့ ကြားနေ ၉ မဲသာ ရရှိခဲ့တာကြောင့် လိုအပ်တဲ့ မဲအရေအတွက် မပြည့်မီခဲ့ကြောင်း အစည်းအဝေးကို ဦးဆောင်သူက ကြေညာခဲ့ပါတယ်။

ဒီရလဒ်အပေါ် ရုရှားသံအမတ် ဗာစီးလီ နီဘန်ဇီယာက တိုက်ပွဲတွေကို ရပ်တန့်ပြီး ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ တောင်းဆိုချက်ကို ထောက်ခံမဲ မပေးခဲ့တဲ့ နိုင်ငံတွေဟာ နိုင်ငံတကာဥပဒေနဲ့ ငြိမ်းချမ်းရေးကို ထောက်ခံကြောင်း ပြောဆိုနေမှုတွေဟာ တကယ့်လက်တွေ့ လုပ်ဆောင်တာမျိုး မရှိဘဲ “နှုတ်ပြော”သက်သက်သာ ဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်စွပ်စွဲခဲ့ကာ ဒီရလဒ်ဟာ “အရှက်ရစရာ” ပဲလို့ တုံ့ပြန်ခဲ့ပါတယ်။

တဖက်မှာလည်း မတ်လအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ခ် ဝေါ့ဇ် ကလည်း ရုရှားဟာ သူတို့ရဲ့မဟာမိတ် အီရန်ကို အကာအကွယ်ပေးဖို့ ကြိုးစားနေတာလို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ဒေသတွင်းတည်ငြိမ်မှု ပျက်ပြားအောင် လုပ်ဆောင်နေတဲ့ အီရန်ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူမှု ရှိလာအောင် ဝါရှင်တန်အနေနဲ့ ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013