Home
မြန်မာသတင်း
၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ကျင်းပ
DVB
·
March 11, 2026
Photo: DVB

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက် ဒီမနက် ၉ နာရီက နိုင်ငံတဝန်း စစ်ကောင်စီနယ်မြေတွေမှာ စတင်ကျင်းပခဲ့ပြီး ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူတွေ ဖြေဆိုခဲ့ကြပါတယ်။

အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှ ၁၇ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ရန်ကုန်မြို့ရှိ အထက ၆ ဗိုလ်တထောင် အပါအဝင် စာစစ်ဌာနတွေမှာ ကျောင်းသား၊ ကျောင်းသူတွေ လာရောက်ဖြေဆိုနေကြတာကို တွေ့ရပါတယ်။

ကျောင်းသားမိဘတယောက်က “ဒီနှစ်က နည်းတာပေါ့။ မနှစ်က များတယ်။ အခုမြင်နေရတဲ့ ဒီအရေအတွက်က အာဏာသိမ်းပြီးနောက်ပိုင်း ပြန်ဖြေတဲ့ အရေအတွက်လောက်ပဲ ရှိတယ်။ မြင်တာနဲ့သိသာတယ်” လို့ ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ပြည်ပစာစစ်ဌာနတွေ အပါအဝင် မြန်မာနိုင်ငံတဝန်းရှိ စာစစ်ဌာနပေါင်း ၈၉၀ ခန့်မှာ ဖြေဆိုဖို့ စာရင်းသွင်းထားသူ စုစုပေါင်း ၂၆၅,၀၀၀ ကျော်ရှိကြောင်း မတ် ၃ ရက်အထိ စာရင်းများအရ သိရပါတယ်။

ဒါ့အပြင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေတဲ့ကာလအတွင်း  မော်တော်ယာဉ်တွေကိုလည်း စုံ/မစနစ် မခွဲခြားဘဲ ကင်းလွတ်ခွင့်ပြုထားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013