အမေရိကန်နိုင်ငံ၊ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်၊ သစ်သီးဝလံပန်းမန်အသင်းက ကျင်းပတဲ့ ၂၀၂၆ ခုနှစ် ဖီလာဒဲလ်ဖီးယား ပန်းပြပွဲကို ပင်ဆယ်လ်ဗေးနီးယား ကွန်ဗင်းရှင်းစင်တာထဲက မိုးလုံလေလုံခန်းမမှာ ကျင်းပနေတာမှာ ကျယ်ပြန့်တဲ့ ဥယျာဉ်တွေနဲ့ တက်ကြွတဲ့ ပန်းခင်းတွေအဖြစ် ဆင်ယင်ထားပါတယ်။
ပြပွဲကိုလာတဲ့ ဧည့်သည်တွေက ပန်းရောင် ကြွေပန်းပင်တွေ၊ နူးညံ့သိမ်မွေ့တဲ့ အဖြူရောင်သစ်ခွပန်းတွေ၊ ခရမ်းရောင်၊ လိမ္မော်ရောင်နဲ့ အဝါရောင် ကျူးလစ်ပန်းခင်းတွေကို ဖြတ်သန်းသွားလာနေကြပါတယ်။
အမေရိကန်ဥယျာဉ်ခြံလုပ်ငန်းရဲ့ မူလအစလို့ နာမည်ပေးထားတဲ့ ဆောင်ပုဒ်နဲ့အတူ စီစဉ်ပြင်ဆင်ထားတဲ့ စိမ်းလန်းစိုပြည်တဲ့ ဥယျာဉ်အခင်းအကျင်းတွေကို ဧည့်သည်တွေက ရပ်ပြီး ဓာတ်ပုံရိုက်နေကြပါတယ်။
ဒီဆောင်ပုဒ်က လူတွေရဲ့ အပင်တွေနဲ့ ဆက်သွယ်မှု နောက်ကွယ်က ကိုယ်ရေးကိုယ်တာ ဇာတ်လမ်းတွေကို စူးစမ်းလေ့လာစေတယ်လို့ ပြပွဲရဲ့ ဖန်တီးမှုဒါရိုက်တာနဲ့ ဒုတိယဥက္ကဋ္ဌ ဆက်သ်ပီယာဆောလ်က ပြောပါတယ်။
ပြပွဲတွေက တအားလှပြီး နွေဦးရာသီနဲ့ သဘာဝတရားရဲ့ အလှတရားကို သတိရစေတယ်လို့ တက်ရောက်သူ ပက်ထရစ်ရှာ ရိဒ်မဲရစ်က ပြောပါတယ်။
လူအများစုအတွက် ပြပွဲဟာရာသီအလိုက် ရိုးရာဓလေ့တခုနဲ့ ဆောင်းရာသီပြီးတဲ့နောက် သဘာဝနဲ့ ပြန်ချိတ်ဆက်ဖို့ အခွင့်အရေး တခုကို အမှတ်အသားပြုထားပါတယ်။
ပန်းပြပွဲကိုလာတဲ့ ဆာရာအောက်တားဘရစ်ချ်က “ရှုပ်ထွေးတဲ့ ပြပွဲတွေက မှော်ဆန်တဲ့ ဥယျာဉ်တခုထဲမှာ လမ်းလျှောက် နေရသလို ခံစားရစေတယ်” လို့ ပြောပါတယ်။
ဥယျာဉ်ခြံလုပ်ငန်း ကိုယ်တိုင်က တည်ငြိမ်အေးချမ်းမှုကို ယူဆောင်လာနိုင်တယ်လို့ သူက ထပ်ပြောခဲ့ပါတယ်။
ဥယျာဉ်ထဲမှာ အလုပ် လုပ်တဲ့အခါ စိတ်အေးချမ်းသာစေတယ်၊ စိတ်အေးလက်အေး ဖြစ်စေတယ်၊ ကုထုံးတခုလိုပါပဲလို့ သူက ပြောပါတယ်။
အခု ၁၉၇ နှစ်မြောက် ဖီလ်ဒယ်ဖီးယားပန်းပြပွဲဟာ ကမ္ဘာ့အကြီးဆုံးနဲ့ ရှေးအကျဆုံး မိုးလုံလေလုံ ပန်းပြပွဲဖြစ်ပြီး နှစ်စဉ် နွေဦးရာသီကို လှမ်းကြည့်ဖို့ စိတ်အားထက်သန်နေတဲ့ လာရောက်လည်ပတ်သူ ၂ သိန်းခွဲကျော်ကို ဆွဲဆောင်နေပါတယ်။
ပီယာဆောလ်က “ဒီမှာရှိတဲ့ အနီရောင်တံခါးတွေကနေ ဝင်လာရင် တဖက်မှာ ဘာရှိလဲဆိုတာ မသိနိုင်ဘူး၊ ပြီးတော့ မြေပြင်ပေါ်မှာ နှင်းတွေ ကျနေတဲ့အချိန်မှာ ရုတ်တရက် ဥယျာဉ်တွေ၊ အပင်တွေ၊ ပန်းတွေရဲ့ အထူးဆန်းဆုံး စုစည်းမှု ဖြစ်လာတယ်”လို့ ပြောပါတယ်။
Source: Reuters















