အမေရိကန်ပြည်ထောင်စု၊ ဖီလာဒဲလ်ဖီးယားပြည်နယ်မှာ အုပ်စုလိုက် လုယက်ကြတဲ့ အရွယ်မရောက်သေးသူတွေဟာ စက်တင်ဘာ ၂၆ ရက်က ပြည်နယ်တဝန်းရှိ စီးပွားရေးလုပ်ငန်းတွေကို လုယက်ဖျက်ဆီးခဲ့ကြပြီးနောက် လူတဒါဇင်ကျော်လောက် အဖမ်းခံခဲ့ရကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
လူ ၁၀၀ လောက်ရှိတဲ့ လူအုပ်ကြီးက စင်တာစီးတီး နယ်မြေတလျှောက် ဖြတ်သန်းသွားလာနေကြောင်း ၉၁၁ အရေးပေါ်ဖုန်းလိုင်းကနေ ခေါ်ဆိုတိုင်ကြားမှု အများအပြား ရှိခဲ့ပြီးနောက် ဒေသစံတော်ချိန် ည ၇ နာရီခွဲလောက်မှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး လုပ်ငန်းအများအပြားကိုလည်း ချိုးဖျက် ဝင်ရောက်လုယက်ခဲ့ကြပါတယ်။
၁၅ ဦးမှ ၂၀ ဦးအထိ ဖမ်းဆီးနိုင်ခဲ့ကြောင်းနဲ့ အနည်းဆုံး သေနတ် ၂ လက်ကို သိမ်းဆည်းရရှိထားကြောင်း ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
ဒီလုယက်မှုတွေဟာ ပြီးခဲ့တဲ့လက ရဲတွေရဲ့ ပစ်သတ်ခံခဲ့ရတဲ့ အက်ဒီအစ်ဇရီ သေဆုံးမှုအပေါ် အစောပိုင်း ဆန္ဒပြမှုနဲ့ မသက်ဆိုင်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။
ဒီညမှာ ကြုံခဲ့ရတာကတော့ ရာဇဝတ်မှုဆိုင်ရာ အခွင့်အရေးသမားတွေက အခြေအနေကို အခွင့်ကောင်းယူပြီး မြို့တော်ကိုဖျက်ဆီးဖို့ ကြိုးပမ်းနေကြတာပါလို့ ယာယီ ဖီလာဒဲလ်ဖီးယား ပြည်နယ်ဆိုင်ရာ ရဲကော်မရှင်နာ ဂျွန် စတန်းဖို့ဒ်က ပြောပါတယ်။
Source/Photo-Reuters