Home
မြန်မာသတင်း
NUG ဝန်ကြီးချုပ်ဖလား ရန်ပုံငွေဘောလုံးပွဲ အမေရိကန်တွင်ကျင်းပ (ဓာတ်ပုံ)
DVB
·
September 23, 2024

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ဖလား ရန်ပုံငွေဘောလုံးပွဲကို  အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ မြို့တော် ဆာခရာမန်တိုမှာ ဒေသအချိန် စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ပါတယ်။

ပြိုင်ပွဲမှာ ပထမ၊ ဒုတိယ၊ တတိယ ဆုတွေအသီးသီးရရှိသွားတဲ့ Sacramento All Stars FC အသင်း၊ Bay Area Mi Pamillia FC အသင်း နဲ့ San Francisco Dragon အသင်းတို့ကို တာဝန်ရှိသူတွေက ဆုဖလားနဲ့ ဆုတံဆိပ်တွေ ချီးမြှင့်ခဲ့ပါတယ်။ 

မြောက်ပိုင်းကယ်လီဖိုးနီးယား အခြေစိုက် Free Burma Action Committee- Northern California, USA မှ ဦးစီးပြီး  တတိယအကြိမ်မြောက်ကျင်းပတဲ့ ဘောလုံးပြိုင်ပွဲ  ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုဝန်ကြီးချုပ်က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ဒီပွဲကနေ ရရှိလာတဲ့ ရန်ပုံငွေတွေကနေ ကုန်ကျစရိတ်နုတ်ပြီး ကျန်တဲ့ငွေအားလုံးကို NUG ပြည်ထောင်စုဝန်ကြီးချုပ် ရုံးမှတဆင့် မြန်မာပြည် ဖယ်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေး အတွက် နွေဦးတော်လှန်ရေးမှာ အသုံးပြုနိုင်ဖို့ ပေးပို့လှူဒါန်း သွားမယ်လို့ တာဝန်ရှိသူတွေက ပြောကြားပါတယ်။

ပြိုင်ပွဲဝင် ဘောလုံးသမားတွေကို ဂုဏ်ပြုပွဲနဲ့ NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရဲ့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကိုတော့ အောက်တိုဘာ ၁၃ ရက်မှာ ဆန်ဖရန်စ္စကိုဘေးဧရိယာရှိ နူးဝပ်ခ်မြို့မှာ ကျင်းပဖို့ ရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013