Home
မြန်မာသတင်း
စစ်ခေါင်းဆောင်က တိုင်းမှူးများကို ရာထူးတိုး အပြောင်းအလဲလုပ်
DVB
·
March 7, 2026
အရှေအလယ်ပိုင်းတိုင်း တိုင်းမှုးအသစ်။Photo: CINCDS

စစ်ခေါင်းဆောင်က ကြံ့ခိုင်ရေးပါတီအစိုးရသစ်မတက်မီ မတ် ၂ ရက်က စစ်တိုင်းမှူးတွေကို ရာထူး တိုးပေးတာနဲ့ တိုင်းစစ်ဌာနချုပ် အပြောင်းအလဲတွေလုပ်ခဲ့တယ်လို့ နေပြည်တော် သတင်းရင်းမြစ် တွေကနေ သိရပါတယ်။

ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းကို ဒုတိယဗိုလ်ချုပ်ကြီးအဆင့်တိုးပေးကာ လေကျင့်ရေးအရာရှိချုပ်အဖြစ် ခန့်အပ်လိုက်ပြီး သူရဲ့နေရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်ကို တာဝန်ပေးလိုက်တာလို့ နေပြည်တော်သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

"ဗိုလ်ချုပ်ပြည့်စုံလင်းက ဖေဖော်ဝါရီလကတည်းက ရာထူးတိုးမယ်ဆိုပြီး သတင်းထွက်နေတာ အခု လကခချုပ် ဖြစ်သွားပြီ တသခတိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်လည်း ရာထူးတိုးပြီး ကစထ ၄ မှူး ဖြစ်သွားတယ်။ ရကတတိုင်းမှူးနေရာကို လပခတိုင်းမှူးကို  နေရာပေးလိုက်တယ်။”

မတ် ၅ ရက်က ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ ဗိုလ်မှူးချုပ် တင်မင်းလတ် စတင်တာဝန်ထမ်းဆောင်ပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနေရာကို စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးဗိုလ်မှူးချုပ် အောင်ဌေးကို စစ်ခေါင်းဆောင်က တာဝန်ပေးခဲ့ပါတယ်။

ဒုဗိုလ်ချုပ်ကြီးအဆင့် ရာထူးတိုးသွားတဲ့ တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင် နေရာကို အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး  တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး  ဗိုလ်ချုပ်စိုးမြတ်ထွဋ်ကို တာဝန်ပေးခဲ့တယ်လို့ သိရပါတယ်။

အလားတူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်သွားတဲ့  စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်ဌေးနေရာမှာ တပ်မ ၅၅  တပ်မမှူး ဗိုလ်မှုးချုပ်ထွဋ်ခေါင်ကို တာဝန်ပေး ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်  ၂ ရက်မှာ စစ်ခေါင်းဆောင်က စရဖချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) အဖြစ် ရာထူးတိုးပေးခဲ့ပြီး  စရဖချုပ်နေရာကို  ဒုဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်ကို တာဝန်ပေးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013