
အီရန်ရဲ့ အနာဂတ်ခေါင်းဆောင်သစ်အဖြစ် သူတို့ လျာထားစဉ်းစားခဲ့သူ အများစုဟာ အခုတော့ သေဆုံးကုန်ကြပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မတ် ၃ ရက်မှာ ပြောကြားပါတယ်။
အမေရိကန်နဲ့ အီရန်ကြား စစ်ရေးတင်းမာမှုတွေ မြင့်တက်နေပြီး အီရန်နိုင်ငံအတွင်း အာဏာအပြောင်းအလဲတွေ ဖြစ်ပေါ်နေချိန်မှာ ဝါရှင်တန်က အီရန်အပေါ်ထားရှိတဲ့ မဟာဗျူဟာကို ပြန်လည်သုံးသပ်နေချိန်အတွင်း သတင်းထောက်ရဲ့ မေးမြန်းချက်ကို ထရမ့်ပ်က မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
“စဉ်းစားထားတဲ့ လူအုပ်စုထဲက လူတချို့လည်း သေသွားပြီ။ အခု နောက်ထပ် အုပ်စုတခုလည်း ရှိတယ်။ သတင်းတွေအရ သူတို့လည်း သေသွားနိုင်ပါတယ်။ ဒါဆိုရင် မကြာခင် တတိယလှိုင်းတခု ဝင်လာမယ် ထင်ပါတယ်။ နောက်ဆိုရင်တော့ ဘယ်သူ့ကိုမှ မသိတော့ဘူး ထင်ပါတယ်” လို့ ထရမ့်ပ်က ပြောသွားပါတယ်။
Source: Reuters


