
အရှေ့အလယ်ပိုင်းဒေသက အခြေအနေတွေကြောင့် လေယာဉ်တင်သင်္ဘော ချားလ်စ် ဒီ ဂေါလ်ကို သူ့ရဲ့ လေကြောင်းဆက်စပ်အင်္ဂါရပ်တွေ၊ ဖျက်သင်္ဘော ဖရီးဂိတ် အစောင့်တပ်တွေနဲ့အတူ မြေထဲပင်လယ်ဆီ ထွက်ခွာဖို့ ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းက အမိန့်ပေးခဲ့တယ်လို့ မတ် ၃ ရက်မှာ သူ့ရဲ့ နိုင်ငံတော်ကိုပြောတဲ့ မိန့်ခွန်းထဲမှာ ပြောလိုက်ပါတယ်။
ချားလ်စ် ဒီ ဂေါလ်ဟာ ပြင်သစ်နိုင်ငံရဲ့ တခုတည်းသော လေယာဉ်တင်သင်္ဘောဖြစ်ပြီး ၂၀၀၁ ခုနှစ်မှာ စသုံးခဲ့တာပါ။
ဘောလုံးကွင်း နှစ်ကွင်းစာ အရွယ်အစားရှိတဲ့ ကုန်းပတ်ပေါ်မှာ ရာဖေးလ် တိုက်လေယာဉ် အစင်း ၃၀ အထိ တင်ဆောင်နိုင်ပါတယ်။
နျူကလီးယား တွန်းကန်အားနဲ့ ၂၇ knots မြန်နှုန်းကြောင့် ၂၄ နာရီအတွင်း ကီလိုမီတာ ၁,၀၀၀ (၆၂၁ မိုင်) အကွာအဝေးထိ သွားနိုင်ပါတယ်။
ဒီလေယာဉ်တင်သင်္ဘောပေါ်မှာ အမျိုးသမီး ၂၀၄ ယောက် အပါအဝင် သင်္ဘောသားအယောက် ၂,၀၀၀ ရှိပြီး ပြင်သစ်ရေတပ်မှာ သင်္ဘောတစင်းပေါ်မှာ အမျိုးသမီးအချိုးအစား အများဆုံးလည်း ဖြစ်ပါတယ်။
Source: Reuters


