
ပါကစ္စတန်ရဲတပ်ဖွဲ့က ကရာချိမြို့က အမေရိကန် ကောင်စစ်ဝန်ရုံး အပြင်ဘက်နံရံကို ချိုးဖောက် ဝင်ရောက်ခဲ့တဲ့ ဆန္ဒပြသူတွေနဲ့ မတ် ၁ ရက်မှာ ထိပ်တိုက်တွေ့ခဲ့ပြီး လူ ၉ ယောက် သေဆုံးခဲ့ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် တိုက်ခိုက်မှုတွေကြောင့် အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သေဆုံးခဲ့တဲ့သတင်း ထွက်အပြီးမှာ ခုလိုဖြစ်ခဲ့တာပါ။
ရိုက်တာသတင်းဌာနက သတင်းထောက်တွေက သေနတ်သံတွေကို ကြားခဲ့ရပြီး အဆောက်အအုံပတ်လည်က လမ်းတွေပေါ်မှာ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နေတာကို မြင်တွေ့ရပါတယ်။
အနားက တံတားတခုအောက်မှာ မီးလောင်နေတာကို ဗီဒီယိုမှတ်တမ်းတွေက ပြသထားပါတယ်။ လမ်းပေါ် ပဋိပက္ခတွေမှာ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ သတင်းပို့ထားပါတယ်။
ကရာချိမြို့က အမေရိကန်ကောင်စစ်ဝန်ရုံးနဲ့ အစ္စလာမ္မာဘတ်မြို့က အမေရိကန်သံရုံး သတင်းထုတ်ပြန်ရေးရုံးတို့က မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို မတုံ့ပြန်ခဲ့ပါဘူး။
Source: Reuters


