
နျူကလီးယားစမ်းသပ်ချက်တွေ ရပ်တန့်မဲ့ ကတိကဝတ်ကို လေးစားဖို့နဲ့ စမ်းသပ်ချက်တွေ ပြန်စဖို့ အကြောင်းပြချက်ရှာနေတာတွေကို ရပ်တန့်ဖို့ အမေရိကန်ပြည်ထောင်စုကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဖေဖော်ဝါရီ ၂၅ ရက်မှာ တိုက်တွန်းပါတယ်။
တရုတ်နိုင်ငံက နျူကလီးယား ဖောက်ခွဲစမ်းသပ်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ အမေရိကန်ရဲ့ မကြာသေးမီက စွပ်စွဲချက်ကို တုံ့ပြန်တဲ့အနေနဲ့ မော်နင်က နေ့စဉ်သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
နိုင်ငံတကာလက်နက်ထိန်းချုပ်ရေး တာဝန်ဝတ္တရားတွေကို ရှောင်လွှဲဖို့ တခြားနိုင်ငံတွေကို အမေရိကန်က သက်ဆိုင်သလိုဘောင်ခတ်၊ အသရေဖျက်တာဟာ သူ့ကိုယ်သူ ယုံကြည်စိတ်ချရမှုကို အပြင်းအထန် ထိခိုက်စေလိမ့်မယ်လို့ မော်က မှတ်ချက်ပြု ပြောပါတယ်။


