
ယူကရိန်းအစိုးရဟာ နျူကလီးယားလက်နက်တွေရဖို့ ကြိုးစားနေတယ်ဆိုတဲ့ ရုရှားရဲ့ အခိုင်အမာ ပြောဆိုမှုဟာ ဆွေးနွေးပွဲတွေမတိုင်မီ ယူကရိန်းကို ဖိအားပေးဖို့ ကြိုးပမ်းချက်တရပ်သာ ဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဖေဖော်ဝါရီ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။
“ကံမကောင်းစွာဘဲ” ယူကရိန်းမှာ နျူကလီးယားလက်နက်တွေ မရှိဘဲ ရုရှားရဲ့ ပြောဆိုချက်ဟာ မတ်လအစောပိုင်းမှာ ရုရှားနဲ့ အမေရိကန်က ကိုယ်စားလှယ်တွေနဲ့ နောက်ထပ် မျှော်လင့်ထားတဲ့ သုံးပွင့်ဆိုင်တွေ့ဆုံမှုမတိုင်မီ ထွက်လာတာလို့လည်း ဇလန်းစကီးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
နော်ဝေဝန်ကြီးချုပ် ယိုးနာ့စ်ဂါးစတိုရေ့က သတင်းစာရှင်းလင်းပွဲအတွက် ရောက်လာအောင် စောင့်နေချိန်မှာ ဇလန်းစကီးက ခုလိုပြောတာပါ။
ဒရပ်ဇ်ဘာ ရေနံပိုက်လိုင်းကို ပြုပြင်ဖို့ ယူကရိန်းကို အကြံပြုခဲ့ပေမဲ့ အဲဒီလောက် မမြန်ဘူးလို့ သူက တုံ့ပြန် ပြောဆိုပါတယ်။
ဇန်နဝါရီ ၂၇ ရက်ကစပြီး ဟန်ဂေရီနဲ့ ဆလိုဗက်ကီးယားဆီ ရုရှားကနေ ရေနံတင်ပို့တာတွေကို ရပ်ဆိုင်းထားခဲ့ပါတယ်။
အနောက်ယူကရိန်းမှာရှိတဲ့ ပိုက်လိုင်းပစ္စည်းတွေကို ရုရှားရဲ့ တိုက်ခိုက်မှုက ထိမှန်ခဲ့တယ်လို့ ယူကရိန်းအစိုးရက ပြောပါတယ်။
ဆလိုဗက်ကီးယားနဲ့ ဟန်ဂေရီတို့က ကာလကြာရှည် ပြတ်တောက်မှုအတွက် ယူကရိန်းကို အပြစ်တင်ခဲ့ကြပါတယ်။
Source: Reuters


