Home
မြန်မာသတင်း
ဘဏ္ဍာနှစ်ကုန်ခါနီးအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ သန်း ၄၀၀ မပြည့်
DVB
·
February 24, 2026

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက်မှာ ဆက်တိုက်ကျဆင်းလာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်တဲ့ ပမာဏဟာ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်ရဲ့ ပထမ ၁၀ လမှာ အမေရိကန်ဒေါ်လာ ၃၉၈ ဒသမ ၃ သန်းပဲ ရှိပါတယ်။ 

အခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်တဲ့ ကဏ္ဍတွေကတော့ မွေးမြူရေးနဲ့ ရေလုပ်ငန်းမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်း၊ ကုန်ထုတ်လုပ်မှုမှာ အမေရိကန်ဒေါ်လာ ၂၀၄ ဒသမ ၈ သန်း၊ စွမ်းအင်ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၃ သန်း၊ ရေနံနဲ့ ဓာတ်ငွေ့ ကဏ္ဍမှာ အမေရိကန် ဒေါ်လာ ၂၁ သန်း၊ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ကဏ္ဍမှာ ၁၃၁ ဒသမ ၄ သန်း၊ ဝန်ဆောင်မှု ကဏ္ဍမှာ ၃ ဒသမ ၂ သန်း အသီးသီးဝင်ရောက်ထားပါတယ်။

ဒါဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ္ဍာနှစ်တနှစ်ရဲ့ ပထမ ၁၀ လအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်တဲ့ပမာဏ အနည်းဆုံး ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်တွေ့နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၂၀၂၂-၂၃ ဘဏ္ဍာနှစ် ကာလတူမှာ အမေရိကန်ဒေါ်လာ ၁၄၇၆ သန်း၊ ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ပထမ ၁၀လမှာ အမေရိကန်ဒေါ်လာ ၆၁၀ သန်း၊ ၊ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ကာလတူမှာ အမေရိကန်ဒေါ်လာ ၆၅၆ သန်း ရှိခဲ့ပါတယ်။

ဒီပမာဏတွေဟာ အာဏာမသိမ်းခင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်တဲ့ ပမာဏနဲ့ နှိုင်းယှဉ်ရင် တော်တော်နည်းပါတယ်။ ဥပမာအားဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ပထမ ၁၀ လအတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃၅၂၆ သန်း ရှိခဲ့ပါတယ်။ 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းရတဲ့ အကြောင်းရင်းတွေကတော့ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ၊ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေ၊ မူဝါဒဆိုင်ရာ အပြောင်းအလဲတွေ၊ ပိတ်ပင် ထိန်းချုပ်မှုတွေ၊ လျှပ်စစ်မီးလို အခြေခံအဆောက်အအုံ လိုအပ်ချက်တွေကြောင့် ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က သုံးသပ်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013