
သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) အဖွဲ့ဝင်တွေအားလုံးကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတာ ၇ လနီးပါးအကြာ ဖေဖော်ဝါရီ ၁၉ ရက်မှာ အမှုအားလုံးကနေ အပြီးသတ် လွတ်မြောက်လာခဲ့ပြီလို့ သိရပါတယ်။
တရားရုံးက လွှတ်ပေးဖို့ အမိန့်ချပြီးသွားပေမဲ့ ဖမ်းဆီးစဉ်က သိမ်းဆည်းခဲ့တဲ့ သက်သေခံပစ္စည်းတွေကိုတော့ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက် ဆောင်ရွက်ဖို့ ရှိသေးတယ်လို့လည်း သိရပါတယ်။
၂၀၂၅ ခုနှစ် ဇူလိုင် ၂၈ ရက်ကစပြီး အလုပ်သမားအခွင့်အရေးလှုပ်ရှားတဲ့ STUM အဖွဲ့ဝင် ၁၀ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။
STUM ခေါင်းဆောင် ဒေါ်မျိုးမျိုးအေး အပါအဝင် ၁၀ ယောက်ကို ခြေချုပ်နဲ့ ခံဝန်အက်ဥပဒေ ပုဒ်မအပြင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ ၄၀၊ ၄၁ တို့နဲ့ ဥပဒေ ၂ ခုနဲ့ သီးခြား စွဲဆိုခံခဲ့ရပါတယ်။
အဲဒီထဲက STUM ခေါင်းဆောင် ဒေါ်မျိုးမျိုးအေးကိုတော့ အောက်တိုဘာ ၂၀ ရက်မှာ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။


