
သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) အဖွဲ့ဝင်တွေကို စစ်ကောင်စီက ဖမ်ဆီးထိန်းသိမ်းထားတာ ၅ လကြာတဲ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ STUM က ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
ဇူလိုင် ၂၈ ရက်ကစပြီး အလုပ်သမား အခွင့်အရေးလှုပ်ရှားတဲ့ STUM အဖွဲ့ဝင် ၁၀ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။ လက်ရှိအချိန်အထိလည်း အဖွဲ့ဝင် ၉ ယောက်ကို ဆက်လက်ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီက STUM အဖွဲ့ဝင်တွေကို ဖမ်းဆီးခဲ့တဲ့အပြင် အဖွဲ့ကိုလည်း ယနေ့အထိ လွတ်လပ်စွာစုဖွဲ့ခွင့် သမဂ္ဂလုပ်ကိုင်ခွင့်တွေကို တားဆီးပိတ်ပင် ဖိနှိပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးထားသူတွေထဲက STUM ခေါင်းဆောင် ဒေါ်မျိုးအေးကိုတော့ အောက်တိုဘာ ၂၀ ရက်မှာ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။


