Home
မြန်မာသတင်း
BNRA ရဲဘော်များ လက်နက်အပ်နှံရန် ယင်းမာပင်ခရိုင်ပကဖ ထုတ်ပြန်
DVB
·
February 19, 2026

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့က လက်နက်တပ်ဆင်ပေးထားတဲ့ ရဲဘော်တွေအနေနဲ့ မိမိတို့ နေထိုင်ရာ ခရိုင်၊ မြို့နယ် ပကဖအဖွဲ့အစည်းတွေဆီကို ချိတ်ဆက်ပြီး ကိုင်ဆောင်တဲ့ လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေကို  လာရောက်အပ်နှံဖို့ ယင်းမာပင်ခရိုင်ပကဖက ဖေဖော်ဝါရီ ၁၉ ရက်မှာ အသိပေး ထုတ်ပြန်ထားပါတယ်။

BNRA က ထုတ်ပေးထားတဲ့ လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ရောင်းချတာ၊ ပေါင်နှံတာ၊ ဖျောက်ဖျက်ထားတာ၊ ဖျက်ဆီးတာတွေ မပြုလုပ်ကြဖို့နဲ့ စစ်ဆေးပေါ်ပေါက်တဲ့အခါ ပြင်းထန်စွာ အရေးယူခံရမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

သက်ဆိုင်ရာ ရပ်ကျေးပကဖတွေ အနေနဲ့လည်း မိမိတို့ နယ်မြေအတွင်းမှာ အခြေချနေထိုင်တဲ့ BNRA ရဲဘော်တွေ ရှိပါက သတင်းစကားပါးပြီး ခရိုင်၊ မြို့နယ် ပကဖတာဝန်ခံတွေနဲ့ ချိတ်ဆက်ပေးကြဖို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။ 

BNRA အဖွဲ့ခေါင်းဆောင် နဂါး (ခေါ်) နိုင်လင်းဟာ ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းမှာ သူ့ရဲ့ မိသားစုနဲ့ အတူ စစ်ကောင်စီထံကို လက်နက်ချပူးပေါင်းသွားတာ ဖြစ်ပါတယ်။

ဗိုလ်နဂါး စစ်ကောင်စီတပ်ထံမှာ လက်နက်ချပြီး ပူးပေါင်းသွားပြီးနောက် BNRA တပ်ဖွဲ့ဝင် ၁၅၀ လောက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေဆီကို ချိတ်ဆက်အဖမ်းခံတာ၊ လာပူးပေါင်းတာနဲ့ လက်နက်ချတာတွေ လုပ်နေတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013