Home
မြန်မာသတင်း
ဗိုလ်နဂါး စစ်ကောင်စီတပ်ထံ လက်နက်ချ ပူးပေါင်း
DVB
·
February 19, 2026
Photo: DSINFO

ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် ခေါင်းဆောင် ဗိုလ်နဂါးနဲ့အဖွဲ့ဟာ စစ်တပ်ထံ လက်နက်ချပြီး လာရောက် ပူးပေါင်းခဲ့တယ်လို့ စစ်တပ်မီဒီယာ မြဝတီရုပ်သံက ဖေဖော်ဝါရီ ၁၈ ရက်နေ့ည ထုတ်ပြန်ချက်အရ သိရပါတယ်။ 

ဗိုလ်နဂါးနဲ့ မိသားစုဟာ ပုလဲမြို့နယ်က စစ်တပ် တပ်စခန်းကို လက်နက်တွေအပ်ပြီး ဝင်ရောက် လာတာလို့ မြဝတီက ဖော်ပြပါတယ်။ 

ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေမှာ ဗိုလ်နဂါးကို စစ်တပ်က ရဟတ်ယာဉ်နဲ့ လာခေါ်သွားတာဖြစ်ပြီး သူ့မိသားစုတွေပါ ခေါ်သွားတယ်လို့ ပုလဲမြို့နယ်ဒေသခံတွေနဲ့ အဆက်အသွယ်ရထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ထမ်းတယောက်က မြေပြင်သတင်းရင်းမြစ်တွေကို အခြေခံပြီး  DVB ကို ပြောပါတယ်။ 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက်က NUG တပ်တွေနဲ့ ဗိုလ်နဂါးဆောင်တဲ့ BNRA   တပ်တွေ  ပုပ္ပါကျေးရွာနားမှာ ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း ပစ်ခတ်မှုဖြစ်ရာဝန်းကျင်ကို လေကြောင်းဗုံးကြဲခဲ့ပါတယ်။

မနေ့ ညနေ ၄ နာရီ မိနစ် ၅၀ လောက်မှာ  BNRA အဖွဲ့ခေါင်းဆောင် နိုင်လင်း(ခေါ်) နဂါးနဲ့ သူ့ မိသားစုဝင်တွေဟာ  လက်နက်မျိုးစုံ ၆ လက် ၊ ဆက်စပ်ပစ္စည်းတွေနဲ့ အတူ ပုလဲမြို့နယ်အတွင်း စစ်ကောင်စီ လုံခြုံရေးတပ်စခန်း တခုထံသို့ လာရောက်ဆက်သွယ် ဝင်ရောက်လာတာလို့ စစ်ကောင်စီတပ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

ဗိုလ်နဂါးနဲ့ မိသားစုဝင်တွေကို လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ၊ ဆေးဝါးအကူအညီတွေနဲ့ အုပ်ချုပ်မှုကိစ္စရပ်တွေ အဆင်ပြေမှုရှိစေရေးဆောင်ရွက်ပေးခဲ့ပြီး လိုအပ်တဲ့ စိစစ်မှုတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Photo: DSINFO

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013