
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပေါ်တူဂီနည်းပြ ဗစ်တာပါရဲရားကို နည်းပြအဖြစ် ခန့်အပ်နိုင်ခဲ့ပြီလို့ အတည်ပြုလိုက်ပါတယ်။
ဒါဟာ နူနိုဆန်းတို့၊ ပိုစတီကော့ဂ်လူ၊ ရှောင်ဒိုက်ချ် တို့ကို ထုတ်ပယ်ပြီးနောက်ပိုင်း ခန့်အပ်တဲ့ နော်တင်ဟမ်ဖောရက်စ် အသင်းရဲ့ ဒီရာသီ ၄ ယောက်မြောက်နည်းပြလည်း ဖြစ်ပါတယ်။
ဝုဗ်နည်းပြဟောင်း ပါရဲရားဟာ ဖေဖော်ဝါရီ ၁၂ ရက်က အသင်းကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ရှောင်ဒိုက်ချ်ရဲ့ နေရာကို ၂၀၂၇ ဇွန်လအထိ စာချုပ်နဲ့ နည်းပြရာထူးကို ဆက်ခံမှာပါ။
နော်တင်ဟမ်ဟာ တန်းဆင်းဇုန်အထက် အဆင့် ၁၇ နေရာမှာ ရပ်တည်နေပြီး အဆင့် ၁၈ မှာရှိတဲ့ ဝက်စ်ဟမ်းအသင်းနဲ့ ၃ မှတ်သာ ကွာပါတယ်။
နည်းပြပါရဲရားဟာ မနှစ်က ပရီးမီးယားလိဂ်ရာသီမှာ ဝုဗ်အသင်းကို ရာသီဝက်ကာလကနေစပြီး တာဝန်ယူကိုင်တွယ်ပေမဲ့ တန်းဆင်းဇုန်မှ ကင်းလွတ်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်စာရင်း ဝင်ခဲ့ပါတယ်။


