
ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) ဟာ သမိုင်းဝင်လွှတ်တော်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့လို့ ထောက်ခံသူတွေက အောင်ပွဲခံနေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မတည်မငြိမ်ဖြစ်နေလို့ နိုင်ငံရေးအရ တည်ငြိမ်မှုတွေ ပြန်ရဖို့ ရွေးကောက်ပွဲက အရမ်းအရေးပါနေပါတယ်။
ဒေသစံတော်ချိန် ဒီနေ့မနက် ၄ နာရီ မဲရလဒ်တွေအရ BNP ပါတီက အမတ်နေရာ ၃၀၀ မှာ ၁၈၅ နေရာ အနိုင်ရထားတယ်လို့ ရုပ်သံတွေက ဖော်ပြပါတယ်။ ဒါဟာ အစိုးရဖွဲ့နိုင်တဲ့ မဲရလဒ်လည်း ဖြစ်ပါတယ်။
BNP ပါတီရဲ့ အဓိက ပြိုင်ဘက်ဖြစ်တဲ့ အစ္စလာမ္မစ် ဂျာမတ်နအစ္စလာမီပါတီက အမတ်နေရာ ၅၆ နေရာသာ ရရှိထားပါတယ်။
BNP ပါတီရဲ့ ဝန်ကြီးချုပ်ဖြစ်လာမဲ့သူ တာကေးရာမန်ဟာ သူ့ပါတီအနိုင်သေချာနေပြီးနောက် မီဒီယာတွေ၊ ထောက်ခံသူတွေ ဝန်းရံပြီး ရုံးကနေ ကားနဲ့ ထွက်ခွါခဲ့တာ တွေ့ရတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
အသက် ၆၀ အရွယ်ရှိ ရာမန်ဟာ သမ္မတဟောင်း ရာမန်နဲ့ ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီရာတို့ရဲ့ သားလည်း ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ကာလရှည် အုပ်ချုပ်ခဲ့မှုကို Gen Z မျိုးဆက်တွေက ဖြုတ်ချခဲ့ပြီးနောက် ပထမဆုံးအကြိမ် ရွေးကောက်ပွဲ ပြုလုပ်ခဲ့တာပါ။
ဖေဖော်ဝါရီ ၁၂ ရက်က ကျင်းပတဲ့ ဒီရွေးကောက်ပွဲကို ဘင်္ဂလားဒေ့ရှ်ပြည်သူ သန်းနဲ့ချီပြီး မဲပေးခဲ့ကြပါတယ်။ ရွေးကောက်ပွဲကို တော်လှန်ရေးအပြီး ၁၈ လကြာမှာ ပြုလုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
Source: Reuters


