
Heineken ဘီယာကုမ္ပဏီဟာ ကမ္ဘာလုံးဆိုင်ရာ လုပ်သားအင်အားကနေ အလုပ်အကိုင် ၆,၀၀၀ အထိ လျှော့ချမယ်လို့ ဖေဖော်ဝါရီ ၁၁ ရက်မှာ ပြောပါတယ်။
ဒတ်ချ်ဘီယာချက်လုပ်သူ Heineken နဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ဝယ်လိုအားနည်းမှုနဲ့ ရုန်းကန်နေရလို့ ၂၀၂၆ ခုနှစ်မှာ အမြတ်အစွန်းတိုးတက်မှုအတွက် အရင်နှစ်ထက် နိမ့်ကျတဲ့ မျှော်မှန်းချက်တွေကို ချမှတ်မယ်လို့ ပြောပါတယ်။
ကုမ္ပဏီအကြီးအကဲ ဒေါ့ဖ်ဗန်ဒန်ဘရင့်ခ်က ဇန်နဝါရီလမှာ အံ့အားသင့်စရာကောင်းလောက်အောင် ရာထူးကနေ နုတ်ထွက်ပြီးတဲ့နောက် CEO အသစ်တယောက်ကို ရှာနေပါတယ်။
ကမ္ဘာ့အဆင့် ၂ ဘီယာချက်လုပ်သူ Heineken ကုမ္ပဏီဟာ ထိရောက်မှုမှာ နောက်ကျကျန်နေတယ်လို့ ပြောရင်း မကျေနပ်တဲ့ ရင်းနှီးမြှုပ်နှံသူတွေကို နှစ်သိမ့်ဖို့ ကြိုးစား နေပါတယ်။
အရင်းအမြစ် နည်းနည်းနဲ့ ပိုမြင့်မားတဲ့ တိုးတက်မှုကို ပေးဆောင်မယ်လို့ ကတိပြုထားပြီး တချိန်တည်းမှာ စားသုံးသူ ဘဏ္ဍာရေး ကျပ်တည်းနေမှု၊ ပထဝီနိုင်ငံရေး မငြိမ်မသက်မှုနဲ့ ရာသီဥတု ဆိုးရွားမှုတွေကြောင့် ကဏ္ဍတခုလုံးမှာ ရောင်းအားက ယိမ်းယိုင်နေပါတယ်။
ဥရောပစျေးကွက် ဒါမှမဟုတ် ဦးစားပေးမဟုတ်တဲ့ ဈေးကွက်တွေ၊ ကြီးထွားမှုအလားအလာ နည်းပါးတဲ့ ဈေးကွက်တွေမှာ လုပ်သားအင်အား လျှော့ချဖို့ အာရုံစိုက်မယ်လို့လည်း Heineken ကုမ္ပဏီက ပြောပါတယ်။
Source: Reuters


