Home
နိုင်ငံတကာ
ရုရှား တိုက်ခိုက်မှုကြောင့် ယူကရိန်းမြို့တော်၌ လျှပ်စစ်ဓာတ်အားနှင့် အပူပေးစနစ် ပြတ်တောက်
DVB
·
February 11, 2026
Photo: Kyiv region/Handout via REUTERS

ရုရှားက ယူကရိန်းရဲ့ စွမ်းအင်အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့လို့ မြို့တော်ကိယက်ဗ်မှာ လျှပ်စစ်ဓာတ်အားနဲ့ အပူပေးစနစ် ပြတ်တောက်နေပြီး ယူကရိန်းက လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို ပြုပြင်နေတယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြောလိုက်ပါတယ်။

အရေးပေါ်အဖွဲ့တွေက ထောက်ပံ့ရေးပစ္စည်းတွေ ပြန်ရရှိရေးနဲ့ စနစ်ကို တည်ငြိမ်စေရေးအတွက် ဆောင်ရွက်နေတယ်လို့ သူက ပြောခဲ့ပါတယ်။

အပူချိန်ကျဆင်းလာတာနဲ့အမျှ လျှပ်စစ်ဓာတ်အား သုံးစွဲမှုကို ကန့်သတ်ဖို့ အရာရှိတွေက ဒေသခံတွေကို တိုက်တွန်းခဲ့ပါတယ်။

ရုရှားတပ်ဖွဲ့တွေက ယူကရိန်းနိုင်ငံ အိုဒက်ဆာဒေသ၊ ပင်လယ်နက်က စွမ်းအင်စက်ရုံတွေကို ညလုံးပေါက် တိုက်ခိုက်ခဲ့လို့ ဒေသရဲ့တောင်ပိုင်းက လူပေါင်း ၉၅,၀၀၀ ကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့တယ်လို့ ဒေသဆိုင်ရာ အရာရှိတယောက်က ပြောပါတယ်။

ရုရှားက ယူကရိန်းရဲ့ အပူပေးစနစ်နဲ့ လျှပ်စစ်ဓာတ်အား ထောက်ပံ့ရေးပစ္စည်းတွေကို ပုံမှန် တိုက်ခိုက်လေ့ရှိပြီး ဒီပစ်မှတ်တွေဟာ ယူကရိန်းရဲ့ စစ်ပွဲဆိုင်ရာ ကြိုးပမ်းမှုကို ထောက်ပံ့နေလို့ ပစ်ဖို့ တရားဝင်တယ်လို့ ငြင်းခုံခဲ့ပါတယ်။

ယူကရိန်း အစိုးရက ရုရှားရေနံအခြေခံအဆောက်အအုံကို ပစ်မှတ်ထား တုံ့ပြန်ခဲ့ပါတယ်။ ရုရှားအစိုးရရဲ့တိုက်ခိုက်မှုတွေဟာ အအေးဆုံးဆောင်းရာသီတွေထဲက တခုမှာ အရပ်သားတွေ ထိခိုက်စေဖို့နဲ့ တနိုင်ငံလုံးရဲ့ စိတ်စွမ်းအားကို ရိုက်ချိုးဖို့ ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းမှုတရပ်လို့ ယူကရိန်းအစိုးရက ခေါ်ဆိုခဲ့ပါတယ်။ 

 Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013