
အမေရိကန်စစ်တပ်က ဖေဖော်ဝါရီ ၉ ရက်မှာ အရှေ့ပစိဖိတ်ဒေသထဲက သင်္ဘောတစင်းကို တိုက်ခိုက်ခဲ့လို့ လူ ၂ ယောက် သေဆုံးပြီး တယောက် အသက်ရှင်ကျန်ရစ်ခဲ့တယ်လို့ ပြောပါတယ်။
အခုဖြစ်ရပ်က မူးယစ်ကုန်ကူးတယ်လို့ သံသယရှိတဲ့ သင်္ဘောတွေကို အမေရိကန်က တိုက်ခိုက်တဲ့ နောက်ဆုံးဖြစ်ရပ်ပါ။
အမေရိကန်စစ်တပ် တောင်ပိုင်းကွပ်ကဲမှုဌာနချုပ်ကနေ ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ သင်္ဘောကို မတိုက်ခင် ရေထဲမှာ ရွေ့လျားနေတုန်း အလင်းရောင်တခု တောက်ပလာပြီး ပေါက်ကွဲသွားတာကို တွေ့ရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အစိုးရဟာ မကြာသေးမီ သီတင်းပတ်တွေအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်နေတယ်လို့ သံသယရှိတဲ့ သင်္ဘောတွေကို ဖမ်းဆီးရာမှာ အောင်မြင်တယ်လို့ ကြေညာခဲ့ပါတယ်။
အခုသင်္ဘောဟာ မူးယစ်ဆေးဝါးရောင်းဝယ်မှု လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ အမေရိကန်စစ်တပ်က X လူမှုကွန်ရက်ပေါ်က ပို့စ်တခုမှာ ပြောခဲ့ပါတယ်။
Source: Reuters


