Home
မြန်မာသတင်း
အိမ်ရာစီမံကိန်း၊ ကွန်ဒိုနှင့် ဟိုတယ်လုပ်ငန်းများကို မီတာခ တယူနစ် ၉၀၀ ကျပ်နှုန်း ကောက်ခံမည်
DVB
·
February 10, 2026

စက်မှုဇုန်တွေအပြင် အိမ်ရာစီမံကိန်းတွေ၊ ကွန်ဒိုတွေနဲ့ ဟိုတယ်လုပ်ငန်းတွေကိုလည်း လျှပ်စစ်မီတာခ တယူနစ် ၉၀၀ ကျပ်နှုန်း ကောက်ခံသွားမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) ကနေ သိရပါတယ်။

သဘာဝဓာတ်ငွေ့တင်သင်္ဘောကြီး (LNG သင်္ဘော) ကနေ ရရှိတဲ့ မဂ္ဂါဝပ် ၅၀ဝ ခန့်ကို ရန်ကုန်၊ သာကေတမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ သန်လျင်မြို့နယ်ရှိ ဓာတ်အားပေးစက်ရုံတို့နဲ့ ချိတ်ဆက်ကာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၀ဝ ကို ကနဦးအနေနဲ့ ဖြန့်ဖြူးပေးနေတာလို့ ဆိုပါတယ်။

ဟိုတယ်လုပ်ငန်းရှင်တယောက်က “သူက စက်မှုဇုန်တွေကိုပဲ ပေးမယ်ဆိုပြီး ပြောထားတာ။ ဟိုရက်က တယူနစ်ကို ၉၀၀ နဲ့ ကောက်မယ်ဆိုပြီး စာရွက်လာပို့တယ်။ သိရှိပြီးကြောင်းပါ လက်မှတ်ထိုးခိုင်းတာပေါ့။ မီးက အခုလည်း မမှန်ပါဘူး၊ ပျက်နေတာပါပဲ” လို့ ပြောပါတယ်။

လက်ရှိမှာတော့ စက်မှုသုံး (အသေးစားစက်မှု၊ စက်မှုလက်မှုသုံး၊ တလုံးတခဲတည်း၊ စီးပွားရေး လုပ်ငန်းသုံး၊ ယာယီသုံး) များအတွက် တယူနစ်မှ ၅,ဝဝဝ ယူနစ်အထိ ၂၅၀ ကျပ်၊ ၅,ဝ၀၁ ယူနစ်မှ ၂၀,ဝဝဝ ယူနစ်အထိ ၄၀ဝ ကျပ်၊ ၂၀,ဝ၀၁ ယူနစ်နဲ့အထက် ၅၀ဝ ကျပ်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အခုအခါမှာတော့ LNG နဲ့ ဖြန့်ဖြူးပေးတဲ့ လျှပ်စစ်ဓာတ်အား သုံးစွဲမဲ့ အထက်ပါလုပ်ငန်းတွေကို တယူနစ် ၇၀ဝ ကျပ်မှ ၉၀ဝ ကျပ်ကြား ပြောင်းလဲကောက်ခံသွားမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ မီတာခဈေးနှုန်း ပြောင်းလဲမှာ မဟုတ်ဘူးလို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) က ဆိုပါတယ်။

LNG နဲ့သုံးတဲ့ ဓာတ်အားစနစ်ကိုပဲ ဈေးနှုန်းပြောင်းလဲကောက်ခံမှာ ဖြစ်တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013