ပီရူးနိုင်ငံမှာ Virgin of Candelaria ပွဲတော်ကို ဖေဖော်ဝါရီ ၉ ရက်က စတင်ကျင်းပနေပါတယ်။
ဒီပွဲတော်ဟာ ပီရူးနိုင်ငံရဲ့ ရိုးရာအစဉ်အလာကို ပြသတဲ့ပွဲဖြစ်ပြီး လမ်းမပေါ်မှာ ကပြမှုတွေ၊ ရိုးရာဂီတ တီးခတ်မှုတွေကို မြင်တွေ့ရမှာပါ။
ဒီပွဲမှာပါဝင်တဲ့ အဖွဲ့တွေဟာ တက်ကြွနေကြပြီး အရောင်အသွေးစုံလင်တဲ့ ဝတ်စုံတွေနဲ့ လမ်းတလျှောက် ကပြပြီး ဆန်ဂျူအန်ဘတ်တစ်တာဘုရားကျောင်းကို ချီတက်ကြတာပါ။
ဒီလို ကပြချီတက်ကြမှုကို ဒေသတွင်းနဲ့ ပြည်ပခရီးသွားတွေနဲ့ စည်ကားတဲ့ ပွဲတော်တခုလည်း ဖြစ်ပါတယ်။
ဒီပွဲတော်ရဲ့ အဓိက ကပြဖျော်ဖြေမှုကတော့ မိုရီနာဒါနဲ့ ဒီယာဘလာဒါ အကပဲ ဖြစ်ပါတယ်။ ဒီအကဟာ ပြည်ပခရီးသွားတွေကို အဓိက ဆွဲဆောင်နိုင်တဲ့အကဖြစ်ပြီး ပြည်တွင်းပြည်ပ ကြည့်ရှုသူ ထောင်နဲ့ချီပြီး ရှိလေ့ရှိပါတယ်။
မိုရီနာဒါနဲ့ ဒီဘဦဘလာဒါ အကဟာ ယူနက်စကိုက အသိအမှတ်ပြုထားတဲ့ ရိုးရာအက ဖြစ်ပါတယ်။
Virgin of Candelaria ပွဲတော်ကိုလည်း ယူနက်စကိုက ၂၀၁၄ ခုနှစ်ကတည်းက ပီရူးနိုင်ငံရဲ့ ရိုးရာပွဲတော်အဖြစ် အသိအမှတ်ပြုထားတဲ့ပွဲတော် ဖြစ်ပါတယ်။
ဒီပွဲတော်ကို ပီရူးနိုင်ငံမှာ ၁၆ ရာစုကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး စပိန်ယဉ်ကျေးမှုနဲ့ ခရစ်ယာန်ယဉ်ကျေးမှုတို့ မြစ်ဖျားခံရာအစပဲ ဖြစ်ပါတယ်။
Virgin of Candelaria ကို ကြည်ညိုကိုင်းရှိုင်းတာက အမိမြေကို ကြည်ညိုရာရောက်တယ်ဆိုတဲ့ ယုံကြည်မှုနဲ့ ဆက်စပ်နေတဲ့ ပီရူးနိုင်ငံရဲ့ ယုံကြည်မှုပဲဓလေ့တခုပဲ ဖြစ်ပါတယ်။











