
ဗီယက်နမ်နိုင်ငံမှာ ပရိသတ် ၁၃၅,၀၀၀ ဝင်ဆံ့မဲ့ ကမ္ဘာ့အကြီးဆုံးဘောလုံးကွင်းကို ၂၀၃၅ ခုနှစ် အမီ တည်ဆောက်သွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ထရောင်ဒေါင်ကွင်းလို့ အမည်ပေးထားတဲ့ အဲဒီဘောလုံးကွင်းကို ပေါင် ၂၈ ဘီလီယံ အကုန်အကျခံကာ မြို့တော်ဟနွိုင်းမှာ တည်ဆောက်သွားမှာဖြစ်ပြီး အိုလံပစ်အားကစားမြို့တော် စီမံကိန်းအဖြစ် တည်ဆောက်သွားမှာပါ။
ကွင်းရဲ့ဒီဇိုင်းကို ဗီယက်နမ်နိုင်ငံရဲ့ အမှတ်သင်္ကေတတခုဖြစ်တဲ့ ဒေါင်ဆန်ကြေးဝါ ဆည်ကြီး ပုံစံတည်ဆောက်မှာဖြစ်ပြီး နိုင်ငံရေး ရိုးရာယဉ်ကျေးမှုတွေနဲ့ ခေတ်သစ်ဒီဇိုင်းတွေကို ပေါင်းစပ်ပြီး ကမ္ဘာ့အကြီးမားဆုံးဘောလုံးကွင်းအဖြစ် တည်ဆောက်သွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ကမ္ဘာမှာ လက်ရှိအချိန်အထိ အကြီးဆုံးဘောလုံးကွင်းက မြောက်ကိုရီးယားရဲ့ ပရိသတ် ၁၁၄,၀၀၀ ဝင်ဆံ့တဲ့ Rungrado 1st May Stadium ကွင်းဖြစ်ပြီး မော်ရိုကိုနိုင်ငံကလည်း ၂၀၃၀ ကမ္ဘာ့ဖလားအမီ ပရိသတ် ၁၁၅,၀၀၀ ဝင်ဆံ့တဲ့ ကွင်းတကွင်းတည်ဆောက်နေပါတယ်။


