Home
နိုင်ငံတကာ
ရာဖာနယ်စပ်ဂိတ် ပြန်ဖွင့်သော်လည်း အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဆက်ဖြစ်
DVB
·
February 8, 2026
Photo: Reuters/Stringer

အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေက ဂါဇာကမ်းမြောင်က အယ်လ်ဘူရီဂျ်မြို့ကို ထိမှန်ပြီး တရက်အကြာ ဇန်နဝါရီ ၉ ရက်မှာ ပါလက်စတိုင်းလူမျိုးတွေက အပျက်အစီးတွေကြားမှာ ပစ္စည်းတွေကို ရှာဖွေခဲ့ကြပါတယ်။ 

အဲဒီနေရာမှာ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့လည်း သတင်းပို့ထားပါတယ်။ ဇန်နဝါရီ ၈ ရက်မှာ အစ္စရေးရဲ့ ဂါဇာကမ်းမြောင်ဒေသကို သီးခြားတိုက်ခိုက်မှုတွေအတွင်း ပါလက်စတိုင်းလူမျိုး ၁၁ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆေးဘက်ဝန်ထမ်းတွေက ပြောပါတယ်။

အစ္စရေးစစ်တပ်က ဒီတိုက်ခိုက်မှုဟာ စစ်သွေးကြွတွေက မအောင်မြင်တဲ့ ရော့ကတ်တိုက်ခိုက်မှုကို တုံ့ပြန်တာလို့ ပြောခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းမှာ အစ္စရေးတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ ပါလက်စတိုင်း ၂ ယောက် သေဆုံးခဲ့တယ်လို့ အရေးပေါ်ဌာနတွေက ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက်က စလို့ နေ့စဉ်ချိုးဖောက်နေတဲ့ “အပစ်အခတ်ရပ်စဲရေး” ရှိနေပေမဲ့ အစ္စရေးက လူမျိုးတုံးသတ်ဖြတ်မှုစစ်ပွဲကို ဖိအားပေးနေချိန်မှာ ကမ်းရိုးတန်းဒေသတလျှောက်မှာ တိုက်ပွဲတွေ အများကြီး ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ဂျာဘာလီယာနဲ့ ဘိတ်လာဟီယာမြို့တွေမှာ သေဆုံးသူတွေရဲ့ အလောင်းတွေကို သောကြာနေ့က ဂါဇာမြို့က အယ်လ်ရှီဖာဆေးရုံဆီ ပို့ဆောင်ခဲ့ပါတယ်။

ဂါဇာတောင်ပိုင်းက ခန်းယူနစ်မြို့မှာ အစ္စရေးက ပါလက်စတိုင်းအိမ်တလုံးကို တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ အဝါရောင်မျဉ်းလို့ခေါ်တဲ့ နယ်နိမိတ်မျဉ်းနားမှာ အစ္စရေး စစ်သားတွေ ပစ်ခတ်ခံရတာကို တုံ့ပြန်တာလို့ စစ်တပ်က ပြောပါတယ်။

ဒီမျဉ်းက အစ္စရေးစစ်တပ်က ဂါဇာအပစ်အခတ်ရပ်စဲရေးရဲ့ ပထမအဆင့်အောက်မှာ အခိုင်အမာနေရာယူထားပြီး ကိုယ်ပိုင်ကြားခံဇုန်ကို ဖန်တီးထားတဲ့ နယ်နိမိတ်မျဉ်းလည်း ဖြစ်ပါတယ်။

အလယ်ပိုင်းနယ်မြေမှာတော့ အစ္စရေးတင့်ကားတွေနဲ့ အင်ဂျင်နီယာယာဉ်တွေ အများအပြားဟာ ဒီယာအယ်လ်-ဘာလာမြို့ အရှေ့ဘက်ဆီ ချီတက်ပြီး မြေကော်စက် ဘူဒိုဇာတွေနဲ့ တူးဖော်ရင်း ဒေသတွင်း ရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

ဗုဒ္ဓဟူးနေ့မှာ အစ္စရေးက ပါလက်စတိုင်းလူမျိုး ၂၃ ယောက် ထက်မနည်းကို သတ်ဖြတ်ခဲ့ပြီး ၂ ရက်အကြာမှာ ဒီတိုက်ခိုက်မှုတွေ ဖြစ်လာတာပါ၊

အောက်တိုဘာလ အစောပိုင်းက ဂါဇာမှာ အမေရိကန်က ကြားဝင်စေ့စပ်ပေးတဲ့ အပစ်အခတ် ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အသေအပျောက်အများဆုံးနေ့တွေထဲက တရက်ဖြစ်ပါတယ်။

ဒီကာလအတွင်း အစ္စရေးရဲ့ တိုက်ခိုက်မှု တွေကြောင့် လူ ၅၇၄ ယောက် ထက်မနည်း သေဆုံးပြီး ၁၅၁၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီး ဌာနက ဆိုပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013