Home
နိုင်ငံတကာ
ယူကရိန်းကို ယူရို ၉၀ ဘီလီယံ ချေးရန် EU သဘောတူ
DVB
·
February 5, 2026
Photo :Reuters

ဥရောပသမဂ္ဂ သံအမတ်တွေက ယူကရိန်းအတွက် ယူရို ၉၀ ဘီလီယံ ချေးငွေ အသေးစိတ်ကို ဖေဖော်ဝါရီ ၄ ရက်မှာ အတည်ပြုခဲ့ပါတယ်။

ဒါဟာ ၂၀၂၆-၂၀၂၇ ခုနှစ်မှာ ယူကရိန်းအစိုးရရဲ့ ဘဏ္ဍာရေးလိုအပ်ချက် အများစုကို ဖြည့်ဆည်းပေးဖို့နဲ့ ရုရှားရဲ့ ကျူးကျော်မှုကို ဆက်တိုက်ဖျက်ဖို့ ဒီဇင်ဘာလမှာ EU ခေါင်းဆောင်တွေက သဘောတူခဲ့တဲ့ အစီအစဉ်တရပ်ပါ။

သံအမတ်တွေဟာ ဘယ်လ်ဂျီယံနိုင်ငံရဲ့ မြို့တော် ဘရပ်ဆဲလ်မှာ ကျင်းပတဲ့ တံခါးပိတ် အစည်းအဝေးမှာ သဘောတူညီချက်ကို ရခဲ့တယ်လို့ သံတမန်တွေက ပြောပါတယ်။

သဘောတူညီချက်ရဲ့ စာသားကို ချက်ချင်းမရနိုင်သေးပေမဲ့ EU ကောင်စီက ရန်ပုံငွေရဲ့ ၃ ပုံ ၂ ပုံနဲ့ အထွေထွေဘတ်ဂျက် ထောက်ပံ့မှုအတွက် ၃ ပုံ ၁ ပုံကို သုံးမယ်လို့ ကြေညာချက် ထုတ်ပြန် ပြောပါတယ်‌။

စစ်ရေးအကူအညီနဲ့ ပတ်သက်ပြီး သဘောတူညီချက်ထဲမှာ ယူကရိန်းအစိုးရဟာ ချေးငွေကို အဓိကအားဖြင့် ယူကရိန်း ဒါမှမဟုတ် ဥရောပသမဂ္ဂ (EU) ဆီကနေ လက်နက်တွေဝယ်ဖို့ သုံးသင့်ပေမဲ့ တချို့အခြေအနေတွေနဲ့ ကိုက်ညီရင် တခြားနိုင်ငံတွေကနေ ဝယ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

သဘောတူညီချက်ဟာ ဥရောပပါလီမန်ရဲ့ အတည်ပြုချက်ရဖို့ လိုအပ်ပြီး ကော်မရှင်ဟာ ဧပြီလအစောပိုင်းမှာ ဈေးကွက်တွေထဲမှာ ငွေချေးယူဖို့နဲ့ ယူကရိန်းဆီ ပထမဆုံးငွေပေးချေဖို့ မကြာမီရောက်လာဖို့ မျှော်လင့်တယ်လို့ သံတမန်တွေက ပြောပါတယ်။

ဥရောပသမဂ္ဂ ခေါင်းဆောင်တွေဟာ ဒီဇင်ဘာလမှာ ဥရောပသမဂ္ဂထဲမှာ ပိတ်ဆို့ခံထားရတဲ့ ရုရှားပိုင်ဆိုင်မှုတွေကို သုံးမဲ့ အစီအစဉ်ကို ထောက်ခံမဲ့အစား ဥရောပသမဂ္ဂရဲ့ ချေးငွေကတဆင့် ချေးငွေကို ရန်ပုံငွေအဖြစ် ထောက်ပံ့ဖို့ သဘောတူခဲ့ကြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013