
အမေရိကန်နိုင်ငံ၊ နယူးဟမ်းရှိုင်းယားပြည်နယ်၊ နာရှူအာမြို့က Greater Nashua စိတ်ကျန်းမာရေးစင်တာမှာ ဓာတ်ငွေ့ယိုစိမ့်လို့ ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂ ရက်မှာ ပြောပါတယ်။
မီးလောင်မှုကြောင့် အဆောက်အအုံရဲ့ အမိုးလို့ ယူဆရတဲ့ နေရာတစိတ်တပိုင်း ပြိုကျသွားသလို အဆောက်အအုံကနေ မီးခိုးတွေ ထွက်လာတာကို လေကြောင်းကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ တွေ့ရပါတယ်။
ဓာတ်ငွေ့ယိုစိမ့်နေတယ်လို့ သတင်းပို့ဖို့ 440 အမ်ဟာ့ထ်လမ်းဆီကို မီးသတ်သမားတွေလာဖို့ ဖုန်းခေါ်ခဲ့အပြီး ဓာတ်ငွေ့ကြောင့် မီးလောင်မှုနဲ့ ကြုံတွေ့ခဲ့ရတာလို့ နာရှူအာမြို့က မီးသတ်အရာရှိတွေက ဆိုပါတယ်။
မီးတောက်တွေကို ငြှိမ်းသတ်ဖို့နဲ့ ဘေးလွတ်ရာဆီ ပြောင်းရွှေ့ဖို့ အနီးအနားက လူတွေက အသင့်ပြင်ထားဖို့ အရေးပေါ်သတိပေးချက် ထုတ်ပြန် တိုက်တွန်းထားပြီး ရဲတွေက ပြည်သူတွေ အဲဒီနေရာကို ရှောင်ဖို့ ပြောခဲ့ပါတယ်။
မီးသတ်သမား ၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပြီး တယောက်က ဒဏ်ရာပြင်းထန်လို့ ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
Source: Reuters


