
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဆင်ထိုးကြီးရွာမှာ ဖေဖော်ဝါရီ ၂ ရက်က နေအိမ် ၄ လုံး မီးလောင်ကျွမ်းပြီး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆင်ထိုးကြီးရွာမှ ကျောက်တောင်ရွာကို သွားမဲ့ဘက်လမ်း နံဘေးရှိ နေအိမ်မှာ မွန်းလွဲ ၁၂ နာရီလောက်က စတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။
ဒေသခံတယောက်က “မီးလောင်တဲ့ အကြောင်းအရင်းတော့ အတိအကျ မသိရသေးဘူး။ ဒီမနက်အထိဆို နေအိမ် ၄ လုံးလောက်ထိ လောင်ပြီးပြီ။ အနီးနားပတ်ဝန်းကျင်မှာ မိုင်းတွေရှိနေတော့ အပြီးသတ်တော့ မငြှိမ်းနိုင်သေးဘူး” လို့ ပြောပါတယ်။
ဆင်ထိုးကြီးရွာဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ က ထိန်းချုပ်ထားတဲ့ ကျေးရွာ ဖြစ်ပါတယ်။
အဆိုပါ မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး KNU ဘက်က စုံစမ်းစစ်ဆေးဖို့ စီစဥ်နေတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
ဆင်ထိုးကြီးရွာမှာ ၂၀၂၄ ခုနစ်၊ သြဂုတ်လလောက်က တိုက်ပွဲတွေကြောင့် ဒေသခံတွေ စစ်ရှောင်နေရပြီး အခုအချိန်အထိ ရွာအတွင်း ပြန်လည်မနေထိုင်ရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။


