
အိန္ဒိယနိုင်ငံ တောင်ပိုင်းမြို့ ဟိုက်ဒရာဘတ်က ပရိဘောဂဆိုင်တဆိုင်မှာ မီးလောင်ခဲ့ပြီးနောက် ကယ်ဆယ်ရေးသမားတွေဟာ ဇန်နဝါရီ ၂၅ ရက်မှာ အလောင်း ၅ လောင်းထက်မနည်း ပြန်ရခဲ့ပါတယ်။
ဇန်နဝါရီ ၂၄ ရက်က နမ်ပါလီဒေသမှာ မီးလောင်ခဲ့ပြီး မီးသတ်သမားတွေက မီးကို နာရီ ၂၀ ကျော် ကြာအောင် ငြှိမ်းသတ်ခဲ့ရတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
“အလောင်း ၅ လောင်းလုံးကို ပြန်ရခဲ့ပါတယ်” လို့ တယ်လန်ဂါနာ မီးသတ်ဦးစီးဌာန အထွေထွေအတွင်းရေးမှူး ဗစ်ခရမ် ဆင်းမန်းက ပြောပါတယ်။
သေဆုံးသူတွေဟာ ပရိဘောဂဆိုင်ရဲ့ မြေအောက်ခန်းမှာနေတဲ့ ကင်းသမားတွေ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
Source: Reuters


