ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ ဆာသူးလေ ကရင်ရွှေ့ပြောင်းစာသင်ကျောင်းမှာ ဖေဖော်ဝါရီ ၃ ရက် ဒီနေ့မနက်က အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ဆပ်ကပ်ပညာရှင်တွေလာရောက်ပြီး ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဆရာတွေကို ဖျော်ဖြေပေးခဲ့ပါတယ်။
ဆာသူးလေ ကျောင်းအုပ်ဆရာမကြီး နော်ဖော်ရေက “နိုင်ငံပေါင်းစုံ အမေရိကန်၊ အင်္ဂလန်၊ ကနေဒါ နယ်သာလန် စတဲ့ နိုင်ငံပေါင်းစုံက ဆပ်ကပ်ပညာရှင်တွေက လာရောက် ဖျော်ဖြေနေကြတာပါ။ ဒီနေ့ကတော့ ကျမတို့ ဆာသူးလေမှာ ကျောင်းသား ၁,၀၀၀ ကျော်ကို ဆပ်ကပ် ပြနေပါတယ်” လို့ ပြောပြပါတယ်။
မြဝတီမြို့ တဖက်ခြမ်း မဲဆောက်မြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ရွေ့ပြောင်းမြန်မာ စာသင်ကျောင်းပေါင်း ၃၀ လောက်မှာ အမေရိကန်နဲ့ ဥရောပက ဆပ်ကပ်ပညာရှင်တွေက သီတင်းတပတ်ကြာ လာရောက် ဖျော်ဖြေနေတာဖြစ်ပါတယ်။














