
စပိန်တင်းနစ်သမား ကားလို့စ် အယ်ကာရက်စ်က နာမည်ကြီးတင်းနစ်သမား နိုဗက်ဂျိုကိုဗစ်ကို ဖိုင်နယ်ပွဲစဉ်မှာ အနိုင်ယူပြီး ဩစတြေးလျအိုးပင်းတန်းနစ် ချန်ပီယံဆုကို ရယူခဲ့လို့ အဓိက ဖလား ၄ ခုကို ဆွတ်ခူးနိုင်တဲ့ အသက်အငယ်ဆုံး လူငယ်ကစားသမား ဖြစ်လာပါတယ်။
တနင်္ဂနွေနေ့ညက ကစားခဲ့တဲ့ ဩစတြေးလျအိုးပင်းတန်းနစ် ဖိုင်နယ်ပွဲစဉ်မှာ အယ်ကာရက်စ်က ဂျိုကိုဗစ်ကို ၂-၆၊ ၆-၂၊ ၆-၃၊ ၇-၅ တို့နဲ့ အနိုင်ရရှိခဲ့တာပါ။
၂၂ နှစ်သား အယ်ကာရက်စ်ကတော့ ပြီးခဲ့တဲ့နှစ် ကွာတာဖိုင်နယ်မှာ ဂျိုကိုဗစ်ကို ရှုံးနိမ့်ခဲ့ဖူးပြီး ဒီနှစ်ဖိုင်နယ်ပွဲမှာတော့ ပြန်လည်အနိုင်ယူခဲ့တာပါ။
ဂျိုကိုဗစ်ဟာ ဩစတြေးလျအိုးပင်း ဖိုင်နယ်ပွဲစဉ်မှာ ပထမဆုံး ရှုံးပွဲ ကြုံတွေ့ခဲ့ရတာ ဖြစ်ပြီး သူ့ရဲ့ ၂၅ ကြိမ်မြောက် ဂရင်းစလန်းဆုကိုရယူမဲ့ အိမ်မက် ပျက်ပြယ်ခဲ့ရပါတယ်။
စပိန်နိုင်ငံသား အယ်ကာရက်စ်ကတော့ မဲဘုန်းမြို့ ရော့ဒ်လေဗာအာရီနာကွင်းထဲမှာ သူ့ရဲ့ ဂရန်းစလမ်း ၇ ကြိမ်မြောက်ဆုကို ရယူပြီး ပရိတ်သတ်တွေရှေ့မှာ အောင်ပွဲခံခဲ့ပါတယ်။
အယ်ကာရက်ဇ်ဟာ အမျိုးသားတဦးချင်းပြိုင်ပွဲတွေမှာ ယူအက်စ်အိုးပင်း၊ ဝင်ဘယ်ဒန်၊ ပြင်သစ်အိုးပန်း စတဲ့ အဓိက ပြိုင်ပွဲကြီး ၃ ခုမှာ ဂရန်းစလန်း ၂ ကြိမ်စီ ဆွတ်ခူးထားနိုင်ခဲ့ပြီး ဩစတြေးလျအိုးပင်း ပွဲစဉ်မှာတော့ အခုတကြိမ်က ပထမဆုံးအကြိမ် ဂရန်းစလန်း ချန်ပီယံ ဖြစ်လာခဲ့တာပါ၊
ဒါကြောင့် အဓိကပြိုင်ပွဲကြီး ၄ ခုစလုံးမှာ ဂရန်းစလန်းချန်ပီယံဆုကို ရရှိနိုင်တဲ့ အသက်ငယ်ဆုံး ကစားသမား ဖြစ်လာခဲ့တာပါ။
အသက် ၂၃ နှစ် ဒွန်ဘဒ်ဂျ်က အသက်အငယ်ဆုံးအဖြစ် ကစားသမားအဖြစ် ဂရန်းစလန်း ၄ ခုလုံးကို အနိုင်ရခဲ့တဲ့ စံချိန်ဟာ ၁၉၃၈ ခုနှစ် ပြင်သစ်အိုးပန်းကို အနိုင်ရခဲ့စဉ်က ဖြစ်ပြီး နှစ်ပေါင်း ၈၈ အကြာမှာ အယ်လ်ကာရက်ဇ်က အသက် ၂၂ နှစ်နဲ့ အသက်အငယ်ဆုံး ဂရန်းစလန်း ၄ ခုလုံးကို ရတဲ့ ချန်ပီယံစံချိန်သစ်ကို တင်နိုင်ခဲ့တာပါ။
Photo: Reuters


