Home
မြန်မာသတင်း
စိန်ခေါ်မှု ပိုများလာနိုင်သဖြင့် ပိုစည်းလုံးညီညွတ်ကြရန် NUCC တိုက်တွန်း
DVB
·
February 1, 2026

တော်လှန်ရေးအဖွဲ့တွေ ပိုပြီးစည်းလုံးညီညွတ်ကြဖို့  အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က ဖေဖော်ဝါရီ ၁ ရက် ဒီနေ့ ထိုင်းနိုင်ငံမှာ သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပြီး တိုက်တွန်းလိုက်ပါတယ်။

၂၀၂၅ ခုနှစ်အတွင်း လုပ်ဆောင်ခဲ့တာတွေနဲ့ ၂၀၂၆ ခုနှစ်မှာ တော်လှန်ရေးအနိုင်တိုက်ရေး လုပ်ငန်းစဉ်တွေကို ရှင်းပြခဲ့ပြီး ထိုင်း-မြန်မာနယ်စပ် တနေရာမှာနဲ့ အွန်လိုင်းက Zoom ကနေပါ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲအတွင်း ဦးဆောင်ဆွေးနွေးသူတယောက်ဖြစ်တဲ့ NUCC အတိုင်ပင်ခံကောင်စီဝင် ဒေါ်နှင်းနှင်းမွှေးက ၂၀၂၆ ခုနှစ်ထဲမှာ အာဏာသိမ်းစစ်တပ် ကျောထောက်နောက်ခံအစိုးရ ပေါ်လာနိုင်ပြီး စိန်ခေါ်မှုတွေ ပိုများလာမှာဖြစ်လို့ တော်လှန်ရေးအောင်မြင်ဖို့အတွက် အဖွဲ့အစည်းတွေ ကျောချင်းကပ် ရင်ချင်းအပ်ကြပြီး ပိုမိုစည်းလုံးညီညွတ်ကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို ၂၀၂၁ ခုနှစ်၊ မတ် ၈ ရက်မှာ အဖွဲ့ပေါင်း ၃၃ ဖွဲ့နဲ့ ဖွဲ့စည်းခဲ့တာပါ။

လက်ရှိမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ Kachin Political Interim Coordination (KPICT)၊ ကရင်အမျိုးသားအစည်းအရုံး(KNU) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ အပါအဝင် ၈ ဖွဲ့က နုတ်ထွက်ထားပေမဲ့ နောက်ထပ် အဖွဲ့ပေါင်း ၁၇ ဖွဲ့ကလည်း အဖွဲ့ဝင်အသစ်အဖြစ် လျှောက်ထားလာတယ်လို့ သတင်းစာရှင်းပွဲဦးဆောင်သူတယောက်ဖြစ်တဲ့ ခွန်မြင့်ထွန်းက ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲကို Mizzima၊ DVB၊ KIC သံလွင်တိုင်းမ်တို့ အပါအဝင် သတင်းဌာန ၁၀ ခုလောက် တက်ရောက်တာကို တွေ့ရပါတယ်။

Photo : ဖိုးစီ (DVB)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013