
အီရန်နိုင်ငံ၊ ဘန်ဒါအဘတ်စ်ဆိပ်ကမ်းမြို့က တိုက်ခန်းတခုမှာ ဇန်နဝါရီ ၃၁ ရက်က ပေါက်ကွဲမှုဖြစ်ပြီး အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တယောက် သေဆုံးပြီး ၁၄ ယောက် ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံမီဒီယာတွေမှာ ဖော်ပြပါတယ်။
ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ ဒေသခံမီးသတ်အရာရှိတယောက်ကို ကိုးကားပြီး နိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်ပါတယ်။
ပါရှန်ပင်လယ်ကွေ့ရဲ့ ကျဉ်းမြောင်းပြီး ရေနံကုန်သွယ်မှုအားလုံးရဲ့ ၅ ပုံ ၁ ပုံ ဖြတ် သန်းသွားရာနေရာလည်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားမှာ အီရန်အစိုးရက စီစဉ်ထားတဲ့ ရေတပ်လေ့ကျင့်မှု မတိုင်မီတရက်အလိုမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။
အမေရိကန်စစ်တပ်က ဘန်ဒါအဘတ်စ် အခြေစိုက်ရာ ရေလက်ကြားက သူ့စစ်သင်္ဘောတွေ ဒါမှမဟုတ် ကုန်သွယ်ရေးလမ်းကြောင်းတွေကို မခြိမ်းခြောက်ဖို့ အီရန်ကို သတိပေးခဲ့ပါတယ်။
Source: Reuters


