Home
နိုင်ငံတကာ
ထရမ့်ပ်နှင့် ICE အဖွဲ့ကို အမေရိကန်နိုင်ငံတဝန်း ဆန္ဒပြ
DVB
·
February 1, 2026
Photo: REUTERS/Tim Evans

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်အဖွဲ့ (ICE) ကို ဆန်ဖရန်စ္စကိုမြို့လမ်းတွေပေါ်မှာ ကားဟွန်းတွေတီးပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေကို ရှုတ်ချခဲ့ကြပြီး နိုင်ငံရေးအရ တာဝန်ခံမှုပိုပြီးလိုအပ်တယ်လို့ တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ “ICE ရပ်၊ အာဏာရှင်၊ ICE၊ ဘာဘီနုမ်းနဲ့ ထရမ့်ပ်တို့ကို အပြစ်ပေးပါ” စတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့တာပါ။

ဆန္ဒပြသူတွေနားက ဖြတ်သွားတဲ့ကားတွေကလည်း ဟွန်းသံတွေ တီးပြီး ဆန္ဒဖော်ထုတ်မှုကို ထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။

ဆန်ဖရန်စ္စကိုဆန္ဒပြပွဲဟာ ဒီတပတ် အမေရိကန်နိုင်ငံတဝန်းလုံးဆန္ဒပြပွဲ ဒါဇင်ပေါင်းများစွာထဲက  တခုဖြစ်ပါတယ်။

ထရမ့်ပ်က ဒီမိုကရက်တွေ ဦးဆောင်တဲ့ မြို့တွေမှာ ဒေသတာဝန်ရှိသူတွေက အကူအညီ မတောင်းခံဘဲအမိမြေကာကွယ်ရေးအဖွဲ့ဝင်တွေ မသွားရောက်ဖို့နဲ့ ဖက်ဒရယ်အဆောက်အအုံတွေကို ICE အဖွဲ့ဝင်တွေ စောင့်ကြပ်ဖို့ ရေးသားခဲ့ပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေ ဆက်တိုက် ပေါ်ပေါက်လာတာပါ။

မင်နီဆိုတားမှာ အရပ်သား ၂ ယောက် ပစ်သတ်ခံရပြီးနောက် ဇန်နဝါရီ ၃၀ ရက်ကလည်း ဆန္ဒပြသူထောင်ပေါင်းများစွာ လမ်းပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြပါသေးတယ်။

သောကြာနေ့ ဆန္ဒပြရာမှာ ကျောင်းသားတွေ၊ ဆရာတွေပါဝင်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ICE အဖွဲ့ ပိတ်သိမ်းဖို့ တောင်းဆိုခဲ့ကြပါတယ်။

စနေနေ့ ဆန္ဒဖော်ထုတ်ပွဲမှာတော့ ပြည်နယ် ၅၀ လုံးနဲ့ ဝါရှင်တန် ဒီစီမှာ ဆန္ဒပြပွဲတွေ ပြုလုပ်တယ်လို့ Guardian သတင်းဌာနက ဖော်ပြပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013