Home
အနုပညာ
ဥရောပသမဂ္ဂ-မြန်မာ ချိတ်ဆက်ယှက်နွှယ် အသံဖလှယ် အနုပညာပြိုင်ပွဲ ဖိတ်ခေါ်
DVB
·
February 1, 2026
Photo: EU-Myanmar

ဥရောပသမဂ္ဂ (အီးယူ)နဲ့ မြန်မာနိုင်ငံအကြား ဆက်နွှယ်မှုပုံစံကို သရုပ်ဖော်တဲ့ ချိတ်ဆက်မှုတွေကို အနုပညာကနေတဆင့် ပြန်လည်ပုံဖော်တဲ့ ပြိုင်ပွဲကို ဥရောပသမဂ္ဂ-မြန်မာက ဇန်နဝါရီ ၃၀ ရက်မှာ စတင် ဖိတ်ခေါ်လိုက်ပါတယ်။ 

မြန်မာနိုင်ငံအတွင်း နေထိုင်တဲ့ အနုပညာရှင် ဘယ်သူမဆို မိမိကိုယ်တိုင် ဖန်တီးထားတဲ့ ပန်းချီ၊ သရုပ်ဖော်ပုံ၊ ခဲခြစ်၊ ဒစ်ဂျစ်တယ် အနုပညာ စတဲ့ လက်ရာတွေကို ပေးပို့ယှဉ်ပြိုင်နိုင်ပြီး လုံခြုံရေးအရ အမည်ဝှက်ထားရှိ ယှဉ်ပြိုင်နိုင်ပါတယ်။

လျှောက်ထားသူတွေထဲက ဆန်ကာတင် အနုပညာလက်ရာ ၂၀ ကို ရွေးချယ်သွားပြီး ပြပွဲကျင်းပပေးသွားမှာ ဖြစ်သလို ပထမဆု ကျပ် ၁၅ သိန်း ဒုတိယဆု ကျပ် ၁၀ သိန်းနဲ့ တတိယဆု ရရှိသူကို ကျပ် ၅ သိန်းစီ ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ 

ရွေးချယ်ခံရသူ အယောက် ၂၀ ကိုလည်း ဥရောပသမဂ္ဂက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးပို့ချီးမြှင့်သွားမှာ ဖြစ်ပြီး အီးယူရဲ့ ဆိုရှယ်မီဒီယာတွေမှာ ပြန်လည် ဖော်ပြသွားမှာလည်း ဖြစ်ပါတယ်။ 

ဆုရရှိသူ ၃ ယောက်ရဲ့ လက်ရာတွေကိုလည်း အီးယူရဲ့ စာစောင်တွေနဲ့ အမှတ်တရပစ္စည်းတွေမှာလည်း ပြန်လည်ဖော်ပြသွားမှာဖြစ်ပြီး နောင်မှာ အီးယူနဲ့အတူ အနုပညာပူးပေါင်းဆောင်ရွက်မှုတွေကို ထည့်သွင်းစဉ်းစားသွားမယ်လို့ ဖော်ပြထားပါတယ်။

ပါဝင်လိုသူတွေဟာ အီးယူ-မြန်မာ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ google ဖောင် [https://forms.gle/1pR8hKuB8i2rZapx5](https://forms.gle/1pR8hKuB8i2rZapx5)  ကနေတဆင့် မတ်လ ၁ ရက် နောက်ဆုံးထား လျှောက်ထားနိုင်ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013