Home
မြန်မာသတင်း
အာဆီယံဝန်ကြီးများ မြန်မာ၊ ထိုင်း-ကမ္ဘောဒီးယားပဋိပက္ခနှင့် တောင်တရုတ်ပင်လယ် အရေး ဆွေးနွေး
DVB
·
January 29, 2026
Photo :Reuters

အရှေ့တောင်အာရှရဲ့ ထိပ်တန်းသံတမန်တွေဟာ ဇန်နဝါရီ ၂၈ ရက်က ဖိလစ်ပိုင်နိုင်ငံမှာ ၂ ရက်ကြာ အစည်းအဝေး ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ ပြည်တွင်းစစ်၊ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံကြား နယ်စပ်ပဋိပက္ခနဲ့ တောင်တရုတ်ပင်လယ်ထဲက အငြင်းပွားမှုကိစ္စ အပါအဝင် ဒေသတွင်း ရင်ဆိုင်နေရတဲ့ အရေးတကြီးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

မနေ့က စီဘူးမှာ ဖွင့်လှစ်ခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM) ရဲ့ သီးသန့်အစည်းအဝေးဟာ ၂၀၂၆ ခုနှစ်အတွက် အာဆီယံအဖွဲ့ရဲ့ ဥက္ကဋ္ဌရာထူးကို ရယူပြီးနောက်ပိုင်း ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ပထမဆုံး အဓိက ဝန်ကြီးအဆင့် အစည်းအဝေး ဖြစ်ပါတယ်။

အစည်းအဝေးအတွင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန (DFA) က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

ဝန်ကြီးတွေဟာ အောက်တိုဘာလက မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် ထိပ်သီးအစည်းအဝေးတွေမှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ပုံကို ပြန်သုံးသပ်ဖို့၊ အပြန်အလှန်စိတ်ဝင်စားမှုနဲ့ စိုးရိမ်ပူပန်မှုရှိတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာကိစ္စရပ်တွေအပေါ် အမြင်တွေဖလှယ်ဖို့ စီစဉ်ထားတယ်လို့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။

စာရင်းထိပ်ဆုံးမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာစစ်တပ် အာဏာသိမ်းပြီးကတည်းက ၅ နှစ်အတွင်း မြန်မာနိုင်ငံမှာ လက်ရှိ အပြင်းအထန်ဖြစ်နေတဲ့ ပဋိပက္ခ ရှိနေပါတယ်။ ဒီပဋိပက္ခဟာ အာဆီယံရဲ့ အခက်ခဲဆုံးစိန်ခေါ်တွေက တခုဖြစ်ခဲ့ပြီး မကြာသေးမီနှစ်တွေအတွင်း အဖွဲ့ရဲ့ အဆင့်မြင့် အစည်းအဝေးတွေကို ဒီပြဿနာက လွှမ်းမိုးခဲ့ပါတယ်။

“အချက် ၅ ချက် အကောင်အထည်ဖော်မှုအပေါ် အမြင်တွေကို မျှဝေခဲ့ကြပြီး ရှေ့ဆက်သွားမဲ့ နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်၊ မြန်မာနိုင်ငံကိုယ်တိုင်နဲ့ မြန်မာနိုင်ငံက ဦးဆောင်တဲ့ ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက်တခုကို ရှာဖို့ အာဆီယံရဲ့ စုပေါင်းဆုံးဖြတ်ချက်ကို ထပ်အတည်ပြုခဲ့ကြတယ်” လို့ သူက X လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပါတယ်။

မြန်မာ အာဏာသိမ်းစစ်ကောင်စီရဲ့ ထိပ်တန်းခေါင်းဆောင်တွေကို အဆင့်မြင့် အာဆီယံ အစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ခံထားရပြီး အခုနှစ်အတွက် အဖွဲ့ရဲ့ အလှည့်ကျဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခွင့်ကိုလည်း ရုပ်သိမ်းခံခဲ့ရပါတယ်။

ဒါပေမဲ့ ပြည်တွင်းပဋိပက္ခက မြန်မာနိုင်ငံတဝန်းမှာ ပြင်းထန်နေဆဲဖြစ်ပြီး မြန်မာစစ်တပ်က ခုခံကာကွယ်နေတဲ့ ဒေသတွေက အရပ်သားတွေအပေါ် သွေးထွက်သံယို သေဆုံးတဲ့အထိ ဆက်လက်တိုက်ခိုက်နေတယ်လို့ သည် ဒီပလိုမက် သတင်းဌာနက ဖော်ပြထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013