ကိုရီးယား၊ ဂျပန်၊ ဩစတြေးလျ ၃ နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို လုံးဝ ဆန့်ကျင်ကြောင်း ထုတ်ပြန်ပါတယ်။
စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်ကြောင်းနဲ့ နိုင်ငံတကာအစိုးရတွေ အနေနဲ့လည်း စစ်အုပ်စု ရွေးကောက်ပွဲရလဒ်ကို လက်မခံကြောင်း အတိအလင်း ထုတ်ဖော်ပြသဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပိုမိုထိတွေ့ဆက်ဆံဖို့တွေအပြင် လက်တွေ့ကျတဲ့ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ဖို့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဇန်နဝါရီ ၂၇ ရက်က ကိုရီးယားသမ္မတရုံးရှေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကာ ထုတ်ပြန်စာကို သမ္မတရုံးဆီ ပေးပို့ခဲ့ ပါတယ်။
သတင်းစာရှင်းလင်းပွဲကို ကိုရီးယားမှာရှိတဲ့ မြန်မာတော်လှန်ရေးအဖွဲ့အစည်း ၄၀ ပါဝင်တဲ့ “စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီ” က တာဝန်ခံ ပြုလုပ်ခဲ့တာဖြစ်ပြီး ကိုရီးယားအရပ်ဖက် အဖွဲ့အစည်းတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရပါတယ်။






