
ဘရာဇီးကလပ် ဖလာမင်ဂိုအသင်းဟာ ဝက်စ်ဟမ်းအသင်းက ဘရာဇီးကွင်းလယ်ကစားသမား ပါကေတာ ကိုပေါင် ၃၅ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပါတယ်။
အသက် ၂၈ နှစ်ရှိ ဘရာဇီး လက်ရွေးစင်ကစားသမားကို ဝက်စ်ဟမ်းအသင်းက ဆက်ထိန်းလိုပေမဲ့ ကစားသမားဖြစ်သူရဲ့ အသင်းဟောင်းဆီ ပြန်သွားချင်တဲ့ဆန္ဒကြောင့် အသင်းပြောင်းရွှေ့ခွင့် ပြုလိုက်တာပါ။
ကနဦးမှာ ပါကေတာကိုရောင်းချပြီး ရာသီဝက်အငှားစာချုပ်နဲ့ ပြန်ခေါ်ဖို့ လုပ်ဆောင်ခဲ့ပေမဲ့ ဖလာမင်ဂိုဘက်က လက်မခံဘဲ အပြီးသတ်ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။
လူးကပ်စ်ပါကေတာဟာ ဖလာမင်ဂိုအသင်းရဲ့ငယ်မွေးခြံပေါက် ကစားသမားဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ အေစီမီလန်၊ ၂၀၂၀ ပြည့်နှစ်မှာ လီယွန်အသင်းတွေဆီ ပြောင်းရွှေ့ကစားခဲ့ကာ ၂၀၂၂ ခုနှစ်က ဝက်စ်ဟမ်းအသင်းဆီ ပြောင်းရွှေ့လာတာဖြစ်ပါတယ်။
Photo: Reuters


