မန်ယူအသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူးသစ်တဦး ခေါ်ယူနိုင်ဖို့ အတွက် အန်တိုနီကို အလိုက်ပေး ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပါတယ်။
အန်တိုနီဟာ မနှစ်က နွေရာသီအပြောင်းအရွှေ့မှာ အိုင်းယက်စ်ကနေ ပေါင် ၈၅ သန်းခွဲနဲ့ ပြောင်းရွှေ့လာခဲ့သူပါ။ သူဟာ ယူနိုက်တက်နဲ့ စုစုပေါင်း ၅၄ ပွဲမှာ ၈ ဂိုး သွင်းထားပါတယ်။
ယူနိုက်တက်အသင်းဟာ တိုက်စစ်မှူးသစ်ခေါ်ယူဖို့ ရှာဖွေနေပြီး ဘရာဇီးကလပ် ဖလာမင်ဂို တိုက်စစ်မှူး ဘာဘိုဆာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း Mirror သတင်းမှာ ဖော်ပြပါတယ်။
မန်ယူအသင်းဟာ ဘာဘိုဆာအတွက် အန်တိုနီနဲ့ အလှဲအလှယ်ပြုလုပ်သွားဖို့ ဆန္ဒရှိသလို အလိုက်ပေး ကမ်းလှမ်းသွားဖို့လည်း စီစဉ်ထားတာပါ။
အသက် ၂၇ နှစ်ရှိ ဘရာဇီးတိုက်စစ်မှူး ဘာဘိုဆာဟာ မနှစ်က သွင်းဂိုး ၂၀ သွင်းပေးခဲ့သူ ဖြစ်ပါတယ်။
Photo-Reuters