Home
အားကစား
ချဲလ်ဆီးအသင်း ကလပ်ကမ္ဘာ့ဖလားပွဲတွင် ဘရာဇီးကလပ် ဖလာမင်ဂိုအသင်းကို ရှုံးနိမ့်
DVB
·
June 22, 2025
Photo: REUTERS/Lee Smith

ဘရာဇီးကလပ် ဖလာမင်ဂိုးနဲ့ ကလပ်ကမ္ဘာ့ဖလားအုပ်စုဒုတိယပွဲစဉ်မှာ ချဲလ်ဆီးအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။

ဇွန် ၂၁ ရက်မနက်ပိုင်းက ကစားသွားတဲ့အဲဒီပွဲစဉ်မှာ ချဲလ်ဆီးအသင်းက ပွဲချိန် ၁၃ မိနစ်ကတည်းက နေတိုရဲ့ ဂိုးနဲ့ ဦးဆောင်ခွင့်ရခဲ့ပေမဲ့ ဒုတိယပိုင်းပွဲချိန် ၆၂ မိနစ်၊ ၆၅ မိနစ်န့ ၈၃ မိနစ်တွေမှာ ဂိုးတွေ ဆက်တိုက်ခွင့်ပြုခဲ့ရပြီးနောက် ရှုံးပွဲတွေ့ခဲ့ရတာပါ။

တိုက်စစ်မှူး လီယန်ဒလတ်ပ်နဲ့ ပွဲထွက်ခဲ့တဲ့ ချဲလ်ဆီးဟာ  ဖလာမင်ဂိုအသင်းကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပြီး တိုက်စစ်မှူး နီကိုလပ်ဂျက်ဆင်က လူစားဝင်ကစားပြီး ၄ မိနစ်အတွင်းမှာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကလည်း ပိုမိုအခက်တွေ့သွားခဲ့ရတာပါ။

အဖွင့်ပွဲစဉ်မှာ LAFC ကို အနိုင်ရထားတဲ့ချဲလ်ဆီးဟာ နောက်ဆုံးပွဲစဉ်မှာ တူနီးရှားကလပ် အစ်စပယ်ယမ်ဆီကို အနည်းဆုံး သရေကစားနိုင်မှ နောက်တဆင့် တက်ရောက်နိုင်မှာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013