
ချဲလ်ဆီးအသင်းဟာ အစ်ဆွစ်တိုက်စစ်မှူး လီယန်ဒလပ်ဖ်ကို ပေါင်သန်း ၃၀ နဲ့ တရားဝင်စာချုပ် ခေါ်ယူလိုက်ပါတယ်။
အသက် ၂၂ နှစ်ရှိ မန်စီးတီးအကယ်ဒမီထွက် တိုက်စစ်မှူးဟာ မနှစ်ကရာသီက အစ်ဆွစ်အသင်းဆီ ပြောင်းရွှေ့ပြီး သွင်းဂိုး ၁၂ ဂိုး သွင်းခဲ့တာပါ။
ချဲလ်ဆီးအသင်းဟာ ဒလပ်ဖ်ရဲ့ စာချုပ်ပါလျော်ကြေးဖြစ်တဲ့ ပေါင်သန်း ၃၀ ကို ပေးချေပြီး မန်ယူ၊ နော်တင်ဟမ်၊ အဲဗာတန်အသင်းတွေထက် လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ခဲ့တာပါ။
ဒလပ်ဖ်ကို ရောင်းချမှုကနေ မန်စီးတီးက ၃၀ ရာခိုင်နှုန်း ရရှိမှာဖြစ်ပြီး အစ်ဆွစ်ဆီ ပြောင်းရွှေ့စဉ်က ထည့်သွင်းချုပ်ဆိုထားခဲ့တာပါ။
ချဲလ်ဆီးအသင်းဟာ လာမယ့်နှစ် ဥရောပချန်ပီယံလိဂ်ကစားခွင့် ပြန်လည်ရရှိမှာဖြစ်ပြီး တိုက်စစ်ပိုင်းအတွက် အင်အားဖြည့်တင်းနေတာ ဖြစ်ပါတယ်။