
ဗြိတိန်နိုင်ငံမှာ ခိုလှုံခွင့်တောင်းခံသူတွေကို အင်္ဂလန်တောင်ပိုင်း ခရိုးဘရိုမြို့ တပ်စခန်းဟောင်းမှာ နေရာချထားတဲ့ အစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ် ဇန်နဝါရီ ၂၅ ရက်မှာ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
တချိန်က စစ်ဘက်အဆောက်အအုံအဖြစ် သုံးခဲ့တဲ့နေရာဟာ ခိုလှုံခွင့်တောင်းခံသူတွေအတွက် ကုန်ကျစရိတ်များတဲ့ ဟိုတယ်တွေအပေါ် မှီခိုမှုကို လျှော့ချရေး အစိုးရရဲ့ ကြိုးပမ်းချက် တစိတ်တပိုင်း ဖြစ်ပါတယ်။
ဇန်နဝါရီ ၂၂ရက်မှာ ရွှေ့ပြောင်းနေထိုင်သူတွေကို နေရာချထားပေးခဲ့တာပါ။
ဆန္ဒပြသူတွေက Union Jack အလံနဲ့ အင်္ဂလန်အလံတွေကို ဝှေ့ယမ်းရင်း အစိုးရအပေါ် မကျေနပ်ချက်တွေကို ထုတ်ဖော်ပြောဆိုခဲ့ကြပြီး တချို့က “လေဘာပါတီကို ဖြုတ်ချစေချင်တယ်” လို့ ကြွေးကြော်ခဲ့ကြပါတယ်။
အာဏာပိုင်တွေက တပ်စခန်းဟောင်း အဆောက်အအုံမှာ အသက် ၁၈ နှစ်ကနေ ၆၅ နှစ်ကြား အမျိုးသား ခိုလှုံခွင့်တောင်းခံသူတွေကို လက်ခံထားမယ်လို့ ပြောခဲ့ပါတယ်။
Source: Reuters


