
အယ်လ်ဘေးနီးယားနိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတရပ်အတွင်း အယ်လ်ဘေးနီးယား နိုင်ငံသား ထောင်ပေါင်းများစွာဟာ မြို့တော် တီရာနာမှာ ဇန်နဝါရီ ၂၄ ရက်က စုဝေးခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲဟာ ဒုတိယဝန်ကြီးချုပ်ကို အဂတိလိုက်စားမှုနဲ့ တရားစွဲအပြီး သီတင်းပတ်တွေအတွင်း ဒုတိယအကြိမ်မြောက် ဆန္ဒပြတာလည်း ဖြစ်ပါတယ်။
ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ် အီဒီရာမာရဲ့ ရုံးခန်းတည်ရှိရာ အစိုးရအဆောက်အအုံကို ဓာတ်ဆီပုလင်း ဗုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြပြီး အစိုးရရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အဓိကရုဏ်းနှိမ်နင်းရေး ဝတ်စုံဝတ်ထားတဲ့ ရဲတွေက လူအုပ်ကို လူစုခွဲဖို့ မျက်ရည်ယိုဗုံးတွေ၊ ရေအမြောက်တွေ ဖြန့်ကြက်သုံးစွဲရင်း တုံ့ပြန်ခဲ့ကြပါတယ်။
ဒုတိယဝန်ကြီးချုပ် ဘီလင်ဒါ ဘာလူကူဟာ အရာရှိတွေ၊ ပုဂ္ဂလိကကုမ္ပဏီတွေ အများအပြားနဲ့အတူ အဓိက အခြေခံအဆောက်အအုံ စီမံကိန်းတွေမှာ ကုမ္ပဏီတချို့ကို မျက်နှာသာပေးဖို့ နိုင်ငံတော် ရန်ပုံငွေတွေကို အလွဲသုံးစားလုပ်ခဲ့တယ်လို့ စွပ်စွဲခံရအပြီးမှာ ဘော်လကန်နိုင်ငံအတွင်း တင်းမာမှုတွေ ပြီးခဲ့တဲ့လကစပြီး မြင့်တက်လာခဲ့ပါတယ်။
ဘာလူကူက စွပ်စွဲချက်တွေကို ရှုပ်ထွေးစေတဲ့ စကားတွေ၊ အရိပ်အမြွက်တွေ၊ တဝက်တပျက် အမှန်တရားတွေနဲ့ လိမ်ညာမှုတွေအဖြစ် ပယ်ချခဲ့ပြီး တရားစီရင်ရေးနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုခဲ့ပါတယ်။
Source: Reuters


