
နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာနေချိန် တရုတ်နိုင်ငံကို ပြန်ရတော့မဲ့ ပန်ဒါနှစ်ကောင်ကို နှုတ်ဆက်ဖို့ တိုကျိုမြို့၊ အိုအဲနို (Ueno) တိရစ္ဆာန်ရုံကို လူထောင်ပေါင်းများစွာ လာရောက်ခဲ့ကြပါတယ်။
ရှောင်ရှောင် (Xiao Xiao) နဲ့ လဲ့လဲ့ (Lei Lei) ပန်ဒါအမြွှာကို နောက်ဆုံးအကြိမ် နှုတ်ဆက်ဖို့ လာရောက်သူတွေဟာ ၃ နာရီခွဲကြာတဲ့အထိ တန်းစီစောင့်ဆိုင်းခဲ့ကြရတာပါ။
၁၉၇၂ ခု သံတမန်ဆက်ဆံရေး စတင်ကတည်းကဆိုရင် ဂျပန်နိုင်ငံမှာ ပန်ဒါမရှိတော့တဲ့ အခြေအနေမျိုး ပထမဆုံးအကြိမ် ကြုံတွေ့ရမှာပါ။
၂၀၂၁ ခုမှာ ဒီပန်ဒါအမြွှာဟာ အိုအဲနို တိရစ္ဆာန်ရုံမှာပဲ မွေးခဲ့တာဖြစ်ပါတယ်။ သူတို့မိဘတွေဖြစ်တဲ့ ရှင်းရှင်းနဲ့ ရီရီ တို့ကို သုတေသနပြုဖို့ တရုတ်က ဂျပန်ကို ငှားထားတဲ့အချိန် မွေးဖွားခဲ့ကြတာ ဖြစ်ပါတယ်။
၁၉၄၉ ခု တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် စတင်ခေါ်ဝေါ်ချိန်ကတည်းက ပြည်မကြီးဟာ နိုင်ငံတကာနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ ပန်ဒါဒီပလိုမေစီကို အသုံးချခဲ့ပါတယ်။
ဒါပေမဲ့ ပြည်ပမှာမွေးတဲ့ ပန်ဒါပေါက်လေးတွေ အပါအဝင် ငှားရမ်းထားတဲ့ ပန်ဒါအားလုံးကိုတော့ တရုတ်ဘက်ကပဲ ပိုင်ဆိုင်ပါတယ်။
ပန်ဒါတစုံအတွက် လက်ခံတဲ့ နိုင်ငံဘက်က တနှစ်ကို ဒေါ်လာ ၁ သန်းနီးပါး ပေးချေရတာလည်း ဖြစ်ပါတယ်။
ပန်ဒါတွေကို နောက်ဆုံးအကြိမ် နှုတ်ဆက်ခွင့်ရမဲ့ လူဦးရေ ၄,၄၀၀ စာ နေရာအတွက် လျှောက်ထားသူ ၁၀၈,၀၀၀ အထိ ရှိခဲ့တယ်လို့ တိုကျိုမြို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
Source: Reuters


