Home
နိုင်ငံတကာ
People's Party တောင်ပြိုကမ်းပြိုနိုင်ရေး မဲထွက်ပေးကြရန် ဖိထား တိုက်တွန်း
DVB
·
January 26, 2026
Photo: REUTERS/Patipat Janthong

People's Party တောင်ပြိုကမ်းပြို အနိုင်ရဖို့အတွက် ပုံမှန်မဲမပေးသူတွေ၊ မဆုံးဖြတ်ရသေးသူတွေနဲ့ ပထမဆုံး မဲပေးမဲ့သူတွေ မဲထွက်ပေးကြဖို့ Move Forward ပါတီခေါင်းဆောင်ဟောင်း ဖိထား လိုမ့်ကျရွန်းရတ်က တိုက်တွန်းလိုက်ပါတယ်။

ဇန်နဝါရီ ၂၅ ရက်က ဘန်ကောက်မြို့ Samyan Mitrtown မှာပြုလုပ်တဲ့ “လူထုကို ယုံကြည်ပါ” ခေါင်းစဉ်တပ် မဲဆွယ်ပွဲမှာ ဖိထားက အခုလို ပြောကြားခဲ့တာပါ။

၂၀၂၃ တုန်းကလို မဲနိုင်ပြီး အစိုးရမဖွဲ့နိုင်တာမျိုး မဖြစ်ရအောင် ဒီတကြိမ်မှာ အပြတ်အသတ် အနိုင်ရဖို့ လိုတယ်လို့ သူက ဆိုပါတယ်။

People's Party ရဲ့ မူလပါတီဖြစ်တဲ့ ဖျက်သိမ်းခံလိုက်ရတဲ့ Move Forward ပါတီခေါင်းဆောင်ဟောင်း ဖိထားကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ၂၀၂၄ သြဂုတ် ၇ ရက်ကစပြီး ၁၀ နှစ် နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

လက်ရှိပါတီခေါင်းဆောင် နတ်ထဖုန်း ရူအန်ပညာဝတ်ကို ဝန်ကြီးချုပ်အဖြစ် အစိုးရအိမ်တော် ပို့ပေးနိုင်ဖို့ သူ နိုင်ငံခြားကနေ ပြန်လာခဲ့တာလို့ ပြောပါတယ်။

ဒုတိယမဲအများဆုံးရတဲ့ပါတီက အစိုးရအပြိုင်မဖွဲ့ရဲအောင် မဲအများအပြားနဲ့ အနိုင်ယူပြရမယ်လို့ ဖိထားက ထောက်ပြပါတယ်။

သက်တမ်းနှစ်ဆက် ၈ နှစ်ကြာ အုပ်ချုပ်ခွင့်ရမှသာ နိုင်ငံရေးပိတ်ပင်ခံထားရတဲ့ သူတို့ခေါင်းဆောင်ဟောင်းတွေ ပြန်ပါဝင်လာနိုင်မယ်လို့ ဖိထားက ရှင်းပြပါတယ်။

ဒါ့ကြောင့် မဲမပေးဘဲနေသူ ၁၂ သန်း၊ မဆုံးဖြတ်ရသေးသူ ၇ သန်းနဲ့ လူငယ်မဲ ၂ သန်းကျော်တို့ရဲ့ အင်အားက အဆုံးအဖြတ်ဖြစ်ကြောင်း သူက သတိပေးခဲ့ပါတယ်။

“ပြည်သူ့အစိုးရကို ပြည်သူတွေနဲ့အတူ တည်ထောင်ကြပါစို့” လို့လည်း ဖိထားက လူထုကို တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013