
ဆီးရီးယားအစိုးရက ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့(SDF) ဆီကနေ အဆောက်အအုံကို သိမ်းပိုက်ပြီးတဲ့နောက် ဇန်နဝါရီ ၂၄ ရက်မှာ အယ်လ်-အက်တန်ထောင်မှာ ထိန်းသိမ်းခံထားရသူတွေ လွတ်မြောက်လာပါတယ်။
လွှတ်ပေးခံရတဲ့ အကျဉ်းသားတချို့ဟာ ရက်ကာမြို့မှာ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ပြန်ဆုံစည်းခဲ့ကြ ပါတယ်။
သမ္မတ အာမက် အယ်လ်-ရှာရာရဲ့ အုပ်ချုပ်မှုကို ခိုင်မာစေတဲ့ အဖြစ်အပျက်တွေ အမြန်ပြောင်းလာလို့ နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ပိုင်းနယ်မြေတွေကို အစိုးရတပ်တွေက ကာ့ဒ်ဦးဆောင်တဲ့ ဆီးရီးယားဒီမိုကရက်တစ် တပ်ဖွဲ့တွေဆီကနေ ပြီးခဲ့တဲ့ ၂ ပတ်အတွင်း သိမ်းပိုက်ခဲ့ပါတယ်။
အယ်လ်ရှာရာရဲ့ တပ်ဖွဲ့တွေဟာ ဒီသီတင်းပတ်အစောပိုင်းမှာ နိုင်ငံအရှေ့မြောက်ပိုင်းက ကာ့ဒ်တွေ ထိန်းချုပ်ထားတဲ့ မြို့တွေရဲ့ နောက်ဆုံး အစုအဝေးတဝိုက်မှာ စုဝေးနေချိန်မှာ ရုတ်တရက် အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့ပါတယ်။
စနေနေ့ ညအထိ SDF ကို ဆီးရီးယားစစ်တပ်နဲ့ပေါင်းစည်းဖို့ အစီအစဉ်တခု ရေးဆွဲရေးအတွက် အချိန်ပေးခဲ့ပါတယ်။
လုံခြုံရေးချိုးဖောက်မှုကို ရှောင်ဖို့ကြိုးပမ်းရင်း အစိုးရက မြောက်ပိုင်းရက်ကာပြည်နယ်က အယ်လ်- အက်တန်ထောင်ကနေ ကာ့ဒ်တိုက်ခိုက်ရေးသမားတွေကို ညတွင်းချင်း ရုပ်သိမ်းဖို့ ညှိနှိုင်းခဲ့ကြ ပါတယ်။
Source:Reuters


