
လေ့ကျင့်ရေးကွင်းမှာ ဒူးဒဏ်ရာထပ်ရသွားတဲ့ တိုက်စစ်မှူး ဟာဗက်ဇ်ရဲ့ ကြံ့ခိုင်မှု အခြေအနေအပေါ် အာဆင်နယ်အသင်းက စိုးရိမ်နေပါတယ်။
ဟာဗက်ဇ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁ မှာ ကစားခဲ့တဲ့ မန်ယူနိုက်တက်နဲ့ပွဲမှာ ဒူးဒဏ်ရာ ရရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၁ ရက်က ဗီလာနဲ့ပွဲမှာ အသင်း အရန်လူစာရင်းမှာ ပါဝင်လာခဲ့ပြီး အင်တာမီလန်နဲ့ပွဲအထိ လူစာရင်းမှာ ပါဝင်ခဲ့ပါသေးတယ်။
လက်ရှိအချိန်မှာတော့ ဒူးအရွက်ဒဏ်ရာ အကင်းမသေသေးတာကြောင့် ရက်သတ္တပတ်လောက် ပြန်အနားယူရမှာဖြစ်ပြီး လာမဲ့ဖေဖော်ဝါရီလဆန်းလောက်မှ ပြန်လည်ကစားနိုင်တယ်လို့ သိရပါ တယ်။
ဂျာမန်တိုက်စစ်မှူးဟာ မနှစ်ကပြိုင်ပွဲစုံမှာ ၁၅ ဂိုးသွင်းခဲ့ပြီး အခုနှစ်ရာသီမှာ ယူနိုက်တက်၊ ပို့စ်မောက်တို့နဲ့ ပွဲစဉ် ၂ ပွဲမှာပဲ ပါဝင်ကစားနိုင်ခဲ့ ပါတယ်။
Photo:Reuters


